တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏အချိန်စာရင်းများကြေငြာ


တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ၁၁ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ကြောင်းသတင်းရရှိသည်၊

 အချိန်စာရင်းများအရ စာမေးပွဲကို ၂၀၁၆ခုနှစ်မတ်လ၉ရက်နေ့တွင်စတင်ဖြေဆိုရမည်ဖြစ်ပြီး
၉.၃.၂၀၁၆ရက်နေ့တွင် မြန်မာစာဘာသာရပ်၊
၁၀.၃.၂၀၁၆ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊
၁၁.၃.၂၀၁၆ရက်နေ့တွင် သင်္ချာဘာသာရပ်၊
၁၂.၃.၂၀၁၆ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်၊
၁၄.၃.၂၀၁၆ရက်နေ့တွင် ဓာတုဗေဒဘာသာရပ်၊
၁၅.၃.၂၀၁၆ရက်နေ့တွင် ရူပဗေဒဘာသာရပ်၊
၁၆.၃.၂၀၁၆ရက်နေ့တွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်၊
၁၇.၃.၂၀၁၆ရက်နေ့တွင် ပထ၀ီဝင်ဘာသာရပ်၊
၁၈.၃.၂၀၁၆ရက်နေ့တွင် သမိုင်းဘာသာရပ် တို့ကိုအသီးသီးဖြေဆိုကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏အချိန်စာရင်းများကြေငြာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏အချိန်စာရင်းများကြေငြာ Reviewed by Staff Writer on 12:28 Rating: 5
Powered by Blogger.