ရုရှားလေယာဉ်ကို ပစ်ချခဲ့သည့်အတွက် တူရကီနောင်တ ရစေရမည်ဟု ပူတင်ဆို




မော်စကို ၊ ၅-၁၂-၂ဝ၁၅

ဆီးရီးယားနယ်စပ်၌ Su-24 ရုရှားဗုံးကြဲ လေယာဉ်တစ်စင်း ကို တူရကီနိုင်ငံက ပစ်ချ ခဲ့သည့်အတွက် ယင်းလုပ်ရပ်နှင့် ပတ်သက်၍ တူရကီအစိုးရ အနေဖြင့် နောင်တ ရစေရမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က ဒီဇင်ဘာ ၂ ရက်တွင် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ရုရှားဗုံးကြဲ လေယာဉ်အား ပစ်ချခဲ့မှုနှင့် ပတ်သက်၍ တူရကီနိုင်ငံကို ရုရှားက စီးပွားရေး ပိတ်ဆို့မှုများသာ ချမှတ်မည်ဟု အခြားနိုင်ငံများက ထင်မြင်ယူဆ နေပါက ၄င်းတို့၏ ယူဆချက်များမှာ လုံးဝမှားယွင်း နေကြောင်း၊ မိမိသည် ၄င်းတို့ လုပ်ဆောင်ရမည့် အရာများကို ထပ်မံသတိပေး ခဲ့ပြီးဖြစ်ကြောင်း နှင့် တူရကီနိုင်ငံ အနေဖြင့် နောင်တ ရစေရမည် ဖြစ်ကြောင်း ပူတင်က နိုင်ငံသို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်း အစီအစဉ်တွင် ပြောကြား ထားသည်။

ထို့အပြင် တူရကီ အစိုးရသည် အကြမ်းဖက် သမားများကို ထောက်ပံ့မှုများနှင့် အကာအကွယ်များ ပေးနေသည်ဟု ပူတင်က ယင်း အစီအစဉ်တွင် ထပ်လောင်း စွပ်စွဲထားကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြ ထားသည်။

( PyiChitThar )

http://www.pyichitthar.com

ရုရှားလေယာဉ်ကို ပစ်ချခဲ့သည့်အတွက် တူရကီနောင်တ ရစေရမည်ဟု ပူတင်ဆို ရုရှားလေယာဉ်ကို ပစ်ချခဲ့သည့်အတွက် တူရကီနောင်တ ရစေရမည်ဟု ပူတင်ဆို Reviewed by Staff Writer on 14:50 Rating: 5
Powered by Blogger.