တက္ကသိုလ်ဝင်တန်း အကြို စာမေးပွဲနှင့် အတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ထဲတွင် ကျင်းပမည်


တက္ကသိုလ်ဝင်တန်း အကြိုစာမေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်
ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်း အကြိုစာမေးပွဲ အချိန်စာရင်း
အပါအ၀င် အခြေခံပညာ အတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲနှင့် အခန်းဆုံး
စစ်ဆေးမည့် ရက်များကို ထုတ်ပြန်ကြေညာလိုက်ပြီး အထက်တန်းအဆင့်
ဒသမတန်းအတွက် နှစ်ဝက်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇
ရက်အတွင်း ဖြေဆိုချိန် တစ်ဘာသာလျှင် ၃ နာရီဖြင့် စစ်ဆေးရန် သတ်မှတ်
ထားကြောင်း စာမေးပွဲစစ်ဆေးမည့်ရက်များကို အခြေခံပညာဦးစီးဌာနနှင့်
တိုင်းဒေသကြီး ၊ ပြည်နယ် ပညာရေးမှူးများနှင့် ညှိနှိုင်းတိုင်ပင်ထားပြီး ဖြစ်ကြောင်း
သိရသည်။

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့၏ နှစ်ဆုံးစာမေးပွဲရက်မှာ ၂၀၁၆ ခုနှစ်
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး ၂၀ ရက်နေ့
အထိ ဆက်တိုက်၊ ပိတ်ရက်မရှိဖြေဆိုရန် ထုတ်ပြန်ထားပြီး တက္ကသိုလ်ဝင်တန်း
စာမေးပွဲကို ၂၀၁၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်
ကြောင်း၊ ကျန်ရှိသောအတန်းများ၏ ကျောင်းတွင်းစစ်စာမေးပွဲများကို ဖေဖော်ဝါရီလ
၂၂ ရက်နေ့မှ ၂၇ ရက်အတွင်း ကျင်းပမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။

ကျောင်းတွင်း စစ်စာမေးပွဲများကို မူလတန်းအောက်ဆင့် (သူငယ်တန်းနှင့်
ပထမတန်း)တို့ တွင် သင်ကြားမှုပြီးစီးမှု အပေါ် ပုံမှန်စစ်ဆေးပေးရန်နှင့်
ဒုတိယတန်းအတွက် အခန်းဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆
ရက်တို့တွင် စစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ မူလတန်းအထက်ဆင့်ဖြစ်သော
တတိယတန်းနှင့် အလယ် တန်းအဆင့်ဖြစ်သော ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊
သတ္တမတန်းတို့အတွက် အခန်းဆုံးစစ်ဆေးမှုများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၇
ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန်နှုန်းဖြင့်
စစ်ဆေးမှုပြုလုပ်ရ မည်ဟု ထုတ်ပြန်ကြေညာထားသည်။

အထက်တန်းအဆင့် န၀မတန်းအတွက် နှစ်ဝက်ဆုံးစစ်ဆေးခြင်းကို ဖေဖော်ဝါရီလ
၂၂ ရက်နေ့ မှ ၂၇ ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုချိန် ၂
နာရီကြာ စစ်ဆေးရမည်ဟု သိရသည်။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
တက္ကသိုလ်ဝင်တန်း အကြို စာမေးပွဲနှင့် အတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ထဲတွင် ကျင်းပမည်   တက္ကသိုလ်ဝင်တန်း အကြို စာမေးပွဲနှင့် အတန်းအသီးသီး၏ နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ထဲတွင် ကျင်းပမည် Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.