အာဇာဘာဂျန် ကမ်းလွန်ရေနံစင် မီးလောင်လို့ လူအများအပြား သေဆုံးနိုင်

ဆိုးရွားလှတဲ့ ရာသီဥတု အခြေအနေ ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ မတွင် နိုင်ဖြစ် နေရ။

ကက်စီပီယံ ပင်လယ်ပြင် မှာ မုန်တိုင်း ကျရောက် ပြီး ပေါက်ကွဲ သွားခဲ့တဲ့ ကမ်းလွန် ရေနံတူး စင်ပေါ် က အလုပ်သမား အယောက် ၃၀ ပျောက်ဆုံး နေခဲ့တာ မှာ သူတို့ကို အသက်ရှင်ရက် ပြန် တွေ့ နိုင်ဖို့ မျှော်လင့်ချက် နည်းပါး သွားပြီ လို့ အဇာဘာဂျန် အာဏာပိုင် တွေက ပြောပါတယ်။

ဂီနစ်ရှ်ရှလီ လုပ်ကွက် ထဲ က အလုပ်သမားတွေ ဟာ မုန်တိုင်း ထန် နေချိန်မှာ ကို ပင်လယ်ထဲ အသက်ကယ် လှေ နဲ့ ဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ရေနံတူးစင် ဟာ ဆက်လက် မီးလောင် ကျွမ်း နေဆဲ ဖြစ်ပြီး ဆိုးရွားလှတဲ့ ရာသီဥတု အခြေအနေ ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ မတွင် နိုင်ဖြစ် နေရတယ် လို့ အရေး ပေါ် ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေ က ဆိုပါတယ်။

အဲဒီ့ စင် ပေါ်မှာ အလုပ်သမား ၆၃ ယောက် အလုပ်လုပ် ကိုင် နေခဲ့တာ ဖြစ်ပြီး ၃၂ ယောက် ကို ကယ်တင် ခဲ့ နိုင်ပြီး တစ်ယောက် သေဆုံး ကြောင်း အတည်ပြု နိုင်ခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com
အာဇာဘာဂျန် ကမ်းလွန်ရေနံစင် မီးလောင်လို့ လူအများအပြား သေဆုံးနိုင် အာဇာဘာဂျန် ကမ်းလွန်ရေနံစင် မီးလောင်လို့ လူအများအပြား သေဆုံးနိုင် Reviewed by Unknown on 11:18 Rating: 5
Powered by Blogger.