စွန့်ပစ်မွေးကင်းစကလေးငယ်တစ်ဦး စောင့်ရှောက်ထား


တပ်ကုန်း နိုဝင်ဘာ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၂၅ ရက်တွင် မွေးကင်းစမိန်းကလေးငယ်တစ်ဦးအား အောင်ဇေယျရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေး မီးပွိုင့်အနီး၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။

''တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညနေ ၆ နာရီခွဲခန့် မီးပျက်တဲ့အချိန်မှာ မွေးကင်းစမိန်းကလေး ငယ်ကို ပလတ်စတစ်ခြင်းဖြင့် စွန့်ပစ်ထားတာဖြစ်ပါတယ်''ဟု အောင်ဇေယျရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းက ပြောသည်။

တပ်ကုန်း ခုတင်(၁ဝဝ)ဆံ့ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းနှင့် ကလေးအထူးကုဆရာဝန်တို့စစ်ဆေး တွေ့ရှိချက်မှာ မွေးကင်းစ ၃ ရက်မှ ၅ ရက်အတွင်း မိန်းကလေးဖြစ်ပြီး ကိုယ်အလေးချိန် ၂ ဒသမ ၂၅ ကီလိုခန့်ရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိ၍ ယနေ့ထိ ကလေးငယ်အား ကလေးကုသဆောင်တွင် ကလေးအထူးကုဆရာဝန်ဖြင့် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။

(တင်စိုးလွင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

စွန့်ပစ်မွေးကင်းစကလေးငယ်တစ်ဦး စောင့်ရှောက်ထား   စွန့်ပစ်မွေးကင်းစကလေးငယ်တစ်ဦး စောင့်ရှောက်ထား Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.