မုံရွာဈေးဟောင်းမှ ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား

Photo (Aung Nay Myo Fb)
မုံရွာ ဒီဇင်ဘာ ၃၀

မုံရွာမြို့ပေါ်ရှိ ဘုရားကြီးရပ်ကွက်မှ ဈေးဟောင်းတွင် အောက်တိုဘာလ (၂၉)ရက်နေ့ည (၁၁:၄၅) မိနစ်ခန့်က ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိပုဂ္ဂိုလ် များ အုပ်ချုပ်မှုယာဉ်များ၊ ဌာနေ မီးသတ်ယာဉ်(၇)စီးနှင့် မြို့ပေါ်ရပ် ကွက်များမှ မီးသတ်ယာဉ်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ၊ ရပ်ကွက်နေပြည်သူများ၊ ဈေးသူဈေးသားများ ၀ိုင်းဝန်း မီးငြှိမ်း သတ်ကြရာ (၁၂း၃၀) ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်းနှင့် မီးလောင် မှုကြောင့် လူ/ တိရစ္ဆာန်၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မသိရှိရသေးကြောင်း ကနဦးသတင်း ရရှိပါသည်။

(တိုင်းပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ