မုံရွာဈေးဟောင်းမှ ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား

Photo (Aung Nay Myo Fb)
မုံရွာ ဒီဇင်ဘာ ၃၀

မုံရွာမြို့ပေါ်ရှိ ဘုရားကြီးရပ်ကွက်မှ ဈေးဟောင်းတွင် အောက်တိုဘာလ (၂၉)ရက်နေ့ည (၁၁:၄၅) မိနစ်ခန့်က ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိပုဂ္ဂိုလ် များ အုပ်ချုပ်မှုယာဉ်များ၊ ဌာနေ မီးသတ်ယာဉ်(၇)စီးနှင့် မြို့ပေါ်ရပ် ကွက်များမှ မီးသတ်ယာဉ်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များ၊ ရပ်ကွက်နေပြည်သူများ၊ ဈေးသူဈေးသားများ ၀ိုင်းဝန်း မီးငြှိမ်း သတ်ကြရာ (၁၂း၃၀) ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်းနှင့် မီးလောင် မှုကြောင့် လူ/ တိရစ္ဆာန်၊ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မသိရှိရသေးကြောင်း ကနဦးသတင်း ရရှိပါသည်။

(တိုင်းပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မုံရွာဈေးဟောင်းမှ ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား  မုံရွာဈေးဟောင်းမှ ဈေးရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.