ပေါင်းသတ်ဆေးအဆိပ်သင့်ကာ လူခြောက်ဦးသေဆုံးမှုဖြစ်ပွား


 ထန်းတပင် ဒီဇင်ဘာ ၃ဝ

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်း တပင်မြို့မှ ကရင်ပြည်နယ် မြဝတီမြို့သို့ ရွှေ့ပြောင်းကာ အလုပ်သွားရောက်လုပ်ကိုင်သည့် အလုပ်သမားခြောက်ဦးသည် ပေါင်းသတ်ဆေး များပါဝင်သော ရေနှင့်ထမင်း/ဟင်းချက်ပြုတ် စားမိရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၄င်းတို့သည် ထန်းတပင်မြို့မှနေ၍ ယခု ဒီဇင် ဘာလဒုတိယအပတ်မှစတင်၍ မြဝတီမြို့ တောင်ဘက်မိုင် ၅ဝ ခန့်အကွာ ဝေါလေမြို့ အနီးရှိ သစ်စက်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။

အလုပ်မစတင်မီ ပြောင်းစိုက်ခင်းအတွင်းရှိ တဲဟောင်းတစ်လုံးတွင် နေထိုင်ကြပြီး သောက်သုံးရေ အလွန်ရှားပါး သည့်အတွက် တဲအနီးရှိ ပေါင်းသတ်ဆေးထည့် သည့် ဖိုက်ဘာပုံးအတွင်းရှိ ရေနှင့်ထမင်းဟင်း ချက်ပြုတ်စားသောက်ခဲ့ရာ နောက်တစ်နေ့တွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်းတို့ဖြစ်ပေါ်ခဲ့၍ မြဝတီဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း၊ ထိုမှတစ်ဆင့် နေပြည်တော် ခုတင် (၁ဝဝဝ) ဆေးရုံကြီးသို့ ရွှေ့ပြောင်းကုသခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ဦးစိုးစိုး(၅ဝနှစ်)၊ သီရိဟေမာရပ်ကွက် နေသူနှင့် ကိုကြည်နိုင် (၄၄နှစ်)တို့ သေဆုံးသွား ခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်၌ ဦးထွန်းမြင့်မောင် (၅ဝနှစ်) ဒီဇင်ဘာ၂၈ ရက်တွင် မောင်ဝေဖြိုး ကျော်(၂ဝနှစ်)နှင့် ကိုဖိုးကျော် (၄ဝနှစ်) အောင် မင်္ဂလာရပ်ကွက်တို့သေဆုံးကာ ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ကိုမြိုင် (၄ဝနှစ်) အောင်မင်္ဂလာ ရပ်ကွက်နေသူတို့သေဆုံးသွားခဲ့သည်။ ''သူတို့ ထမင်းမချက်ခင် ရေကို နမ်းကြည့်သေးတယ်။ ဘာအနံ့မှ မရဘူးလို့ပြောတယ်။ ရေကလည်း အတော့်ကိုရှားတာ၊ သွားခပ်ဖို့ကလည်း တော်တော်ဝေးတယ်။ အဲဒီရက်ပိုင်းမှာ မိုးရွာ တော့ ပိုးသတ်ဆေးထည့်သုံးတဲ့ ဖိုက်ဘာပုံးထဲ မှာ ရေကရှိနေတော့ အဲဒီရေကိုပဲသုံးလိုက်တာ''ဟု သေဆုံးသူများနှင့် ဆွေမျိုးနီးစပ်တော်သူ တစ်ဦးက ပြောသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပေါင်းသတ်ဆေးအဆိပ်သင့်ကာ လူခြောက်ဦးသေဆုံးမှုဖြစ်ပွား  ပေါင်းသတ်ဆေးအဆိပ်သင့်ကာ လူခြောက်ဦးသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.