ကြက်သွန်နီဈေးနှုန်း စတင်ကျဆင်း




ရန်ကုန်ဈေးကွက်တွင် ဒီဇင်ဘာ ၄ ရက်က ဆိပ်ဖြူကြက်သွန်နီ အဟောင်း လက်ကားဈေးနှုန်းတစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ-၃၇ဝဝ နှုန်းရှိခဲ့သည်။ ယင်းဈေးနှုန်းသည် ၂ဝ၁၅ ခုနှစ်အတွင်းသာမက ပြည်တွင်းကုန်စည်ဈေးကွက် အတွင်း နှစ်ပေါင်းများစွာကာလအတွက် စံချိန်သစ်တင်သည့် ကြက်သွန် နီ ဈေးနှုန်းဖြစ်သည့် နိုင်ငံခြားသုံးငွေလဲနှုန်းတစ်ဒေါ်လာလျှင် ငွေကျပ် ၁၃ဝဝ ဝန်းကျင်ဖြင့်တွက်လျှင် ကြက်သွန်နီတစ်တန်လျှင် ဒေါ်လာ ၁၅ဝဝ ဝန်းကျင် ရှိနေသည်။

သို့ဖြစ်ရာ ပြည်တွင်းကြက်သွန်နီ မြင့်တက်သည့် ဈေးနှုန်းသည် ကမ္ဘာ့ဂင်းနက် စံချိန်သစ်အဖြစ် စာရင်း ဝင်နိုင်သည်ဟု နေ့စဉ် ကြက်သွန်နီ ဝယ်ယူနေရသူ တစ်ဦးက ဆိုသည်။

အိန္ဒိယကြက်သွန်နီ(ကြက်သွေး ရောင်) တရုတ်ကြက်သွန်နီ(ပန်းနု ရောင်)များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နေပြီး မိုးစိုက်ကြက်သွန်နီ အသစ်များလည်း ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်မှုတွေ့ရသည်။

ဒီဇင်ဘာ ၅ ရက် စနေနေ့တွင် အရည်အသွေးညံ့သော ဆိပ်ဖြူ ကြက်သွန်နီများ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝ မှ ၅ဝဝ အတွင်း ဈေးလျှော့ရောင်းလာကြသည်။ အိန္ဒိယ ကြက်သွန်နီငွေကျပ် ၂၆ဝဝ-၂၈ဝဝ နှုန်း၊ တရုတ်ကြက်သွန်နီငွေကျပ် ၂၈ဝဝ-၃၁ဝဝ နှုန်း ဈေးနှုန်းရှိသည်ဟု သိရသည်။

သက်ဆိုင်ရာမှ နိုဝင်ဘာ ၂၇ရက် အထိ ချပေးထားခဲ့သော ပြည်ပမှ ကြက် သွန်နီတင်သွင်းခွင့် လိုင်စင် ခြောက်ခုမှ ကြက်သွန်နီတန်ချိန် ၈ဝဝ ခန့်ကို အိန္ဒိယမှရေလမ်းခရီးဖြင့် ယင်း ကာလမှာပင် စတင်သယ်ယူမှုရှိသည်။ အိန္ဒိယဈေးနှုန်းတစ်တန်လျှင် ဒေါ်လာ ၅ဝဝ မှ ၆ဝဝ အတွင်းသာရှိ၍ပြည် တွင်း ဈေးကွက်တွင် ကတ္တားတစ်ပိဿာ ငွေကျပ် ၁၅ဝဝ နှုန်းဖြင့် ရောင်း ချလျှင် ပင် တင်သွင်းသူများအနေဖြင့် အကျိုးအမြတ် ကျပ်သိန်းထောင်ချီ ရနိုင် သည်ဟု ကြက်သွန်နီကုန်သည် ကိုမျိုးက ဆိုသည်။

ပြည်တွင်းဈေးကွက်သို့ ပြည်ပမှ ကြက်သွန်နီဝင်ရောက်ခြင်းနှင့် မိုး စိုက်ကြက် သွန်နီအစစ်များ ဝင်ရောက် လာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်း များ ပြန် လည်ကျဆင်းလာနိုင်သည် ဟု နေ့စဉ် ကြက်သွန်နီဝယ်ယူနယ်ပို့နေ သူများက ဆိုသည်။

ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ အကြောင်းရင်းမှန်မဟုတ်သော ကုန် လက် ကျန်နည်းသည်ဆိုသော သတင်း စကားပေါ်မူတည်ရာမှ မြင့်တက်ခဲ့ သည်။ ကုန်လက်ကျန်နည်းသည်ဆို သော်လည်း အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကုန်စည်ဒိုင် ဖွင့်ရက် ၅၄ ရက်အတွင်း ရန်ကုန် ဈေးကွက်သို့ ကြက်သွန်နီပိဿာချိန် ၆၅ သိန်းဝန်းကျင် ဝင်ရောက်ခဲ့သည်ဟု ကုန်စည်ဒိုင် နေ့စဉ် စာရင်းများအရ သိရသည်။

သို့သော် ဒီဇင်ဘာ ၄ ရက်နေ့ ထုတ် အပတ်စဉ်ဂျာနယ်တွင် လွန်ခဲ့ သော အောက်တိုဘာလကတည်းက တင်ပြထားသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ခွင့်ပြုခဲ့ခြင်းမရှိဘဲ ယခု ကြက်သွန် တစ်ပိဿာ ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိ မြင့်တက်နေတဲ့အချိန်ရောက်မှ သာတင်သွင်းခွင့်ပေးခဲ့တာ ဖြစ်ပါ တယ်ဟု လွဲမှားစွာ ဖော်ပြထားသည်။ အောက်တိုဘာလဆန်း တွေ့ဆုံပွဲ မတိုင်မီကတည်းက ပြုလုပ်ခဲ့ သော ဘုရင့်နောင်ကုန်စည်ပွဲရုံ အတွင်းရှိ ကြက်သွန်ရောင်းချသူများ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ကြက်သွန်ဈေးနှုန်းများ မြင့်တက်လာရန်ရှိသည်ဟု ကြိုတင် ပြောကြားမှုရှိခဲ့သည်။

အောက်တိုဘာ ၁ ရက်မှ ဒီဇင် ဘာ ၅ ရက်အတွင်း ရက်ပေါင်း ၆ဝ ကျော် ကာလအတွင်း စက်တင်ဘာလ ကုန်ကြက်သွန်ဈေးနှုန်း တစ်ပိဿာ လျှင် ငွေကျပ် ၇ဝဝ ဝန်းကျင် အောက်တိုဘာလအတွင်း ဈေးမြင့် တက်လာပြီး ကြက်သွန်နီ ပိဿာချိန် ၃၃ သန်း ဝင်ရောက်ခဲ့သည်။ နိုဝင် ဘာလတွင်မူ တစ်ပိဿာငွေကျပ် ၁၈ဝဝ၊ ကြက်သွန်နီပိဿာချိန် ၂၇ သိန်း၊ ဒီဇင်ဘာလဆန်းပိုင်းတွင် တစ် ပိဿာလျှင် ငွေကျပ် ၂၃ဝဝ ဝန်းကျင် ပိဿာချိန် ငါးသိန်းခန့် ဝင်ရောက် ပြီး ဈေးနှုန်း တက်ခဲ့ကြောင်း သိရသည်။

အဆိုပါအချက်အလက်များအရ စားသုံးသူများအနေဖြင့် သာမန်မီးဖို ချောင်သုံး ကြက်သွန်နီတစ်မျိုးတည်း အပေါ် နှစ်စဉ်ကြုံတွေ့နေကျဈေးနှုန်း ထက်ပို၍ ၂ဝ၁၅ နှစ်ကုန်ပိုင်း နှစ်လ တာဝန်းကျင်ကာလတွင် အကြမ်းဖျင်း အားဖြင့် ငွေ ကျပ်သိန်းပေါင်း ၇၅ဝဝဝ ဝန်းကျင် ပိုမိုကုန်ကျခဲ့ရသည်။
သို့သော် ယင်းငွေကြေးပမာဏ ကို ကြက်သွန်နီ အမှန်တကယ် စိုက်ပျိုး သူအများစုမခံစားရဘဲ လှောင်လက်၊ ပွဲရုံ၊ ပြည်ပမှတင်သွင်းသူများ အစ ရှိသည့် လူနည်းစုသာ ခွဲဝေရရှိခဲ့သည် ဟု မြင်တွေ့ရသည်။

မကြာမီကာလတွင် ကြက်သွန်နီ ဈေးနှုန်းများ ပုံမှန်အနေအထားသို့ ပြန် လည်ရောက်ရှိရန် အလားအလာ ရှိနေသည်။ ရက်ပေါင်း ၆ဝ ကျော် ကာလ အတွင်း စားသုံးသူများ ကျပ် သိန်းပေါင်း ၇၅ဝဝဝ ကျော် ပိုမိုအကုန် အကျခံ သုံးစွဲ ရမှုများ မေ့ပျောက်သွား ရန်ရှိသည်။

သို့သော် ဖြစ်သင့်ဖြစ်ထိုက် သောကုန်စည်ဈေးနှုန်းမြင့် တက်ခြင်း မဟုတ်ဘဲ အကြောင်းပြချက်များ ဖြင့် ဖန်တီးဈေးနှုန်းမြှင့်တင်ခဲ့သည့် ၂ဝ၁၅ ကြက်သွန် နီဈေးနှုန်း မြင့်တက် မှုဖြစ်စဉ်၏ ဖုံးကွယ်ထားချက်များ ကိုသိမြင်ရန်နှင့် ယင်းဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်ရန် သက်ဆိုင်ရာ က သိရှိဆောင်ရွက် တားဆီးပေးပါရန် ဈေးကွက်အတွင်းမှ နေ့စဉ် မီးဖို ချောင်သုံးကုန်စည်များ ဝယ်ယူ၍ မြစ်ဝကျွန်းပေါ်ဒေသသို့တင်ပို့နေသူ ကိုထွန်းနှင့် လမ်းမတော် မြို့နယ် အတွင်း ဈေးရောင်းချသူ ဦးရီတို့က သုံးသပ်ပြောဆိုကြသည်။

( MOI Webportal Myanmar )

https://www.facebook.com/MOIWebportalMyanmar
ကြက်သွန်နီဈေးနှုန်း စတင်ကျဆင်း ကြက်သွန်နီဈေးနှုန်း စတင်ကျဆင်း Reviewed by Staff Writer on 14:36 Rating: 5
Powered by Blogger.