အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ဆီးရီးယားတပ်ဖွဲ့ကို လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက်

 

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့မှ တိုက်လေယာဉ် များသည် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အစိုးရတပ်ဖွဲ့ကို ပထမဆုံး အကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခု၏ ဖော်ပြချက် အရ သိရသည်။

နိုင်ငံအရှေ့ပိုင်း ဒါအယ်လ်ဇော် ပြည်နယ် အေယက်ခ်ျ ဒေသရှိ ဆီးရီးယား တပ်ဖွဲ့ကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အသေအပျောက် များစွာ ရှိကြောင်း၊ သို့သော် အသေအပျောက် စာရင်း အတိအကျကို မသိရှိရ သေးကြောင်း အစိုးရအား လိုလားသည့် Sham FM အသံလွှင့်ဌာန က ထုတ်ဖော် ပြောကြားသည်။

ညွန့်ပေါင်း တပ်ဖွဲ့သည် လွန်ခဲ့သည့် တစ်နှစ်ကျော် ကတည်းက ဆီးရီးယား နိုင်ငံ၌ ISIS အစ္စလာမ္မစ် စစ်သွေးကြွ ချေမှုန်းရေးကို စတင် လုပ်ဆောင် ခဲ့ပြီးနောက် ယခုအခါ ပထမဆုံးအကြိမ် အဖြစ် ဆီးရီးယား တပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှု အတွင်း ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သည်။


(Pyi Chit Thar)
www.pyichitthar.com
အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ဆီးရီးယားတပ်ဖွဲ့ကို လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ ဆီးရီးယားတပ်ဖွဲ့ကို လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက် Reviewed by Staff Writer on 11:10 Rating: 5
Powered by Blogger.