ကျောက်ဖြူ စီမံကိန်း လွှတ်တော် အတည်ပြု

နောက်တက်လာမဲ့ အစိုးရနဲ့ပါ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျောက်ဖြူ အထူးစီပွားရေးဇုန် နေရာ အတည်ပြု သတ်မှတ် ပေးဖို့အစိုးရရဲ့ တင်ပြထားချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေး လိုက် ပါတယ်။

ကျောက်ဖြူ အထူး စီးပွားရေး ဇုန်နဲ့ ပတ်သက်လို့ဒေသခံ တွေနဲ့ အဆိုပါ ဒေသ က အရွေးချယ် ခံထား ရတဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက်ခဲ့ ကြပေမယ့် လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ များတဲ့အတွက် စီမံကိန်းနေရာ ကို အတည် ပြု နိုင်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ မြေနေရာသတ်မှတ်ချက် ရင်းနှီးမြှုပ်နှံမှု အချိုးအစား အပါအဝင် စီးပွါးရေး နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ မပါရှိသေးပါဘူး။

ဒီစီမံကိန်း နဲ့ ပါတ်သက်ပြီး အစိုးရ အနေနဲ့ ရှေ့ဆက် လုပ်မဲ့ လုပ်ငန်းစဉ် အားလုံးကို လွှတ်တော်ကို တင်ပြပြီး ဆောင်ရွက် ရမှာ ဖြစ်သလို နောက်တက်လာမဲ့ အစိုးရနဲ့ပါ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောပါတယ်။

ကျောက်ဖြူ အထူး စီပွားရေးဇုန် စီမံကိန်းကို တရုတ် နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ပထဝီ နိုင်ငံရေး အရ အရေးပါတဲ့ စီမံကိန်း တစ်ခု ဖြစ်တာကြောင် အလျင်စလို မလုပ်ပဲ ပြည်သူ လူထု ကို ပွင့်လင်းမြင်သာစွာ ချပြပြီး ကိုယ့်နိုင်ငံ အတွက် အကျိုးရှိအောင် ဆောင်ရွက်ဖို့ လိုကြောင်း ရခိုင် အမျိုးသား ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

ဧက ၄ထောင်ကျော် ကျယ်ဝန်းတဲ့ ကျောက်ဖြု အထူး စီပွားရေးဇုန် စီမံကိန်းမှာ ရေနက် ဆိပ်ကမ်း နှစ်ခု၊ စက်မူဇုန်စီမံကိန်း နဲ့ အဆင့်မြင့် အိမ်ရာ စီမံကိန်း တို့ပါဝင်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကျောက်ဖြူ စီမံကိန်း လွှတ်တော် အတည်ပြု ကျောက်ဖြူ စီမံကိန်း လွှတ်တော် အတည်ပြု Reviewed by Unknown on 03:42 Rating: 5
Powered by Blogger.