သူရဦးရွှေမန်း၏ နှစ်သစ်ကူးဆန္ဒမွန် (ခရစ်နှစ် ၂၀၁၆ ခုနှစ်)



Share/Bookmark

( မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ၃၁-၁၂-၂၀၁၅ ရက်နေ့ညတွင် ထုတ်လွှင့်မည့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥ့က္ကဋ္ဌ၏ ပြည်သူများသို့ နှစ်သစ်ကူးဆုတောင်းအမှာစကား )

❖ ပြည်သူလူထုတစ်ရပ်လုံး ယနေ့မှစ၍ နှစ်ကုန်အထိ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ဘေးဘယာအပေါင်းနှင့် ကင်းဝေးကြပါစေ။

❖ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု စေတနာမေတ္တာ၊ သံယောဇဉ်တရားများကို မှန်ကန်စွာ ထိန်းသိမ်း ထားရှိ နိုင်ကြပါစေ။

❖ ယနေ့ကာလသည် ပြည်သူများ၏ဆန္ဒနှင့်အညီ အပြောင်းအလဲပြုလုပ်၍ အကောင်းများ ဖြစ်ပေါ်ရရှိရေးကို ပိုမိုမျှော်လင့် နိုင်ကြပြီဖြစ်သည်။

❖ ယနေ့ကာလသည် ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ပါးလုံးကို လုံခြုံမှုပေးနိုင်ပြီး ငြိမ်းချမ်းသော၊ ခေတ်မီတိုးတက်သော ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက် အခွင့်အလမ်းများကို ပိုမိုရရှိလာပြီဖြစ်သည်။

❖ ယနေ့ကာလသည် ရရှိလာသောအခွင့်အလမ်းကောင်းများကို အမိအရ အသုံးပြုရမည့် အချိန်လည်းဖြစ်သည်။

❖ ဤသို့ဖြင့် အမျိုးသားအချင်းချင်း ပိုမိုပြန်လည်သင့်မြတ်ကြပြီး ထားရှိထိန်းသိမ်းသင့်သော မျိုးချစ်စိတ်ဓာတ်များ ရရှိလာမည် ဖြစ်ပါသည်။

❖ ဆက်လက်ပြီး စေတနာမှန် လုပ်နည်းမှန်များဖြင့် အစဉ်အမြဲ တိုင်ပင်ညှိနှိုင်းခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ကြပါလျှင် မြန်မာတို့၏ ဂုဏ်သိက္ခာကို တနေ့တခြား မြှင့်တင်နိုင်မည် ဖြစ်ပါသည်။

❖ ပြည်သူတစ်ဦးချင်းစီကလည်း ရောက်ရာအရပ်မှာ ကျရာတာဝန်ကို ကိုယ်စီကိုယ်ငှ တာဝန်ကျေစွာ ပါဝင်ထမ်းရွက်ပြီး နိုင်ငံအတွက်၊ ပြည်သူအတွက်၊ နိုင်ငံဂုဏ်သိက္ခာအတွက် မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြု ဆုတောင်း လိုက်ပါတယ်။

✔ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
✔ ကောင်းကျိုးလိုရာဆန္ဒများ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ့သားကောင်း၊ နိုင်ငံ့သမီးမွန်များ ဖြစ်ကြပါစေ။

H.E. Thura U Shwe Mann
https://www.facebook.com/HEThuraUShweMann

Posted by H.E. Thura U Shwe Mann on Wednesday, December 30, 2015

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ