ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားကျောင်း ဗုံးဖြင့် တိုက်ခိုက်ခံရ၍ ၉ ဦးဒဏ်ရာရ






( ဓာတ်ပုံ- တိုက်ခိုက်ခံရသော ဟိန္ဒူ ဘုရားရှိခိုးကျောင်း)

 နိရဉ္စရာ၊ ဒီဇင်ဘာ ၅


ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒင်နာရှ်ပူရ် ခရိုင်ရှိ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း တွင် ပြုလုပ်နေသော ပွဲတော်အတွင်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် လူ ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ယင်းတိုက်ခိုက်မှုမှာ စနေနေ (ယနေ့) နံနက် အစောပိုင်း အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ပွဲတော်တွင် ဟိန္ဒူ ဘုရားကျောင်းရှေ့ မျက်နာစာတွင် ဘုရားဖူးများ စုရုံးရောက်ရှိနေကြစဉ် ယင်းလူအုပ်ထဲသို့ ဗုံးသုံးလုံး ပစ်သွင်းခံခဲ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။

ဘုရားဖူးများသည် ဘုရားပွဲတွင် ပျော်ရွှင်စွာ ကစားနေကြစဉ် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ယင်းဗုံးများ ပေါက်ကွဲခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။

ယခု တိုက်ခံရသော Kantajeu ဟိန္ဒူ ဘုရားရှိခိုးကျောင်းသည် အုတ်နှင့် စဥ့်မကိုင်ဘဲ မြေကြီးဖြင့် ပြုလုပ်ထားသော ကျောင်းဖြစ်ပြီး ဧည့်သည် ခရီးသွားများကို ဆွဲဆောင်မှု ရှိသော နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအထဲမှ ၆ ဦးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဒင်နာရှ်ပူ ခရိုင်ရှိ ဆေးကျောင်း ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။


( NarinjaraNews ) 

https://www.facebook.com/NarinjaraNews
ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားကျောင်း ဗုံးဖြင့် တိုက်ခိုက်ခံရ၍ ၉ ဦးဒဏ်ရာရ ဘင်္ဂလာဒေ့ရှ်တွင် ဟိန္ဒူဘုရားကျောင်း ဗုံးဖြင့် တိုက်ခိုက်ခံရ၍ ၉ ဦးဒဏ်ရာရ Reviewed by Staff Writer on 17:16 Rating: 5
Powered by Blogger.