ပေါ်တာဆွဲခံရသည့် ရွာသား တိုက်ပွဲတွင် သေနတ်ဒဏ်ရာရ၊ ကျန်တစ်ဦး ပျောက်ဆုံးနေ



Share/Bookmark

 စစ်တွေ၊ ဒီဇင်ဘာ ၃၁

 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သပြုချောင်းကျေးရွာ မှ မြန်မာစစ်တပ် ၏ ပေါ်တာဆွဲ ခံရသည့် ရွာသားနှစ်ဦးတွင် တစ်ဦးမှာ တိုက်ပွဲအတွင်း ဒဏ်ရာ ရရှိသွားပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

ပေါ်တာဆွဲခံရ၍ ဒဏ်ရာရရှိသွားသူမှာ သပြုချောင်းကျေးရွာမှ ဦးသန်းစိန် (၃၂) ဖြစ်ပြီး ယခုအခါ စစ်တွေဆေးရုံတွင် တင်ထားရပြီး ကျန်တစ်ဦးမှာ သေမှန်း ရှင်မှန်း မသိ ပျောက်ဆုံးနေသည်ဟု ဦးသန်းစိန်၏ ဆွေမျိုးတစ်ဦးက ပြောသည်။

ဦးသန်းစိန်သည် ၎င်းဒဏ်ရာဖြင့် တောထဲတွင် ၃ရက်ခန့် နေခဲ့ရပြီး တိုက်ပွဲဖြစ်ပွားရာ နေရာမှ ထွက်ပြေး လွတ်မြောက် လာကာ ကျောက်တော်မြို့နယ် သရက်သတပင် ကျေးရွာ လူမှုကွန်ယက်အဖွဲ့မှ အကူအညီဖြင့် ကျောက်တော်ဆေးရုံသို့ ဒီဇင်ဘာ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့သည်ဟု သိရသည်။

လက်မောင်းမှာ ကျိုးသွားပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ် သဖြင့် ကျောက်တော် ဆေးရုံမှ စစ်တွေဆေးရုံသို့ ဒီဇင်ဘာ ၃၀ ရက်နေ့ တွင်ပို့ဆောင်ခဲ့ရာ စစ်တွေဆေးရုံသို့ ည ၈နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။

ဒီဇင်ဘာလ ၃၁ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေ ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လူနာမှာ စိုးရိမ်စရာမရှိဟု သိရသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ် အကြား ကျောက်တော်မြို့နယ် ရမ်းချောင်း တောင်တန်း များတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ ယခု အရပ်သား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိမှုမှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးရှိ သရက်တပင်ကျေးရွာမှ ဦးစံထွန်း ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ သူတို့ရွာမှ ၄-၅ မိုင်ခန့် ကွာဝေးပြီး သေနက်သံများကိုလည်း နေ့စဉ် ကြားနေရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာမှ သေနတ်သံများကို နေ့တိုင်းကြားနေကြရသဖြင့် ရွာသားများ အကြား စိုးရိမ်ထိတ်လန့် နေကြသည်ဟု သူက ဆိုသည်။

လက်မောင်းတွင် ဒဏ်ရာရရှိထားသော ဦးသန်းစိန်ကို စစ်တွေဆေးရုံကြီး တွင် ဆေးကုသခံယူနိုင်ရန်အတွက် သရက်တပင် လူမှုကွန်ရက်မှ ခုသောင်းကျပ်၊ ကျောက်တော်မြို့ လူမှုကွန်ယက်မှ တစ် သိန်း ကျပ်၊ ကျောက်တော်ဆေးရုံမှ ဆရာဝန် တစ်ဦးမှ တစ်သိန်းကျပ်နှင့် စစ်တွေ လူမှုအဖွဲ့အစည်းတစ်ခုမှ ငါးသောင်းကျပ် ကူညီ လှူဒါန်းခဲ့သည်ဟု သိရသည်။

စံမောင်သန်း၊ ဖြူနှင်းဝေ
Arakan State
https://www.facebook.com/NarinjaraNews

Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ