လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ၀င်ရောက်ဖြန်ဖြေပေးတဲ့ အိမ်နီးဖြစ်သူ ဓားထိုးခံရ

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူကို လှည့်ကင်း မီးတန်းယာဉ်များမှ နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

၃၀.၁၂.၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်နေ ဂျပု(ခ)စိုးမင်းတို့ လင်မယားချင်း စကားများရန်ဖြစ်စဉ် အိမ်နီးချင်းဖြစ်သူ ကိုခင်မောင်ထွေးမှ ၀င်ရောက်ဖျန်ဖြေရာ ဂျပု(ခ)စိုးမင်းက ဓားဖြင့်ထိုးခဲ့၍ ကိုခင်မောင်ထွေးတွင် ယာဘက်နံကြား၌ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ဂျပု(ခ)စိုးမင်းမှာ ထွက်ပြေး တိမ်ရှောင် သွားကြောင်း တို့ကို အင်းစိန်မြို့မရဲစခန်း နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ သတင်းရရှိခဲ့ပါသည်။

အဆိုပါ သတင်းရရှိသည်နှင့် တစ်ပြိုင်နက် အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ ကြီးကြပ်မှုဖြင့် နယ်မြေအတွင်း လုံခြုံရေးနှင့် လှည့်ကင်း တာဝန်ဆောင်ရွက်နေသော မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ လှည့်ကင်းမီးတန်းယာဉ်အမှတ်(၄၀၁)၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်း မီးတန်းယာဉ်အမှတ်(၄၀၂)နှင့် မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်း မီးတန်းယာဉ် အမှတ်(၄၀၃)တို့အား ဆက်သွယ်ချိတ်ဆက်၍ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ ဂျပု(ခ) စိုးမင်းအား ဖမ်းဆီးရမိရေး ပူးပေါင်း
ဆောင်ရွက်ခဲ့ပါသည်။


ယင်းသို့ လှည့်ကင်းမော်တော်ယာဉ်များ ပူးပေါင်းရှာဖွေဖမ်းဆီးခဲ့သည့်အတွက် ၂၁၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ ဂျပု(ခ)စိုးမင်းအား အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ တညင်းကုန်းဈေးရှေ့၌ အရိုးအသွား(၁၀)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနှင့်အတူတွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ ဂျပု(ခ)စိုးမင်း၊ (၂၂)နှစ်အား အင်းစိန်မြို့မရဲစခန်း (ပ)၁၃၈၄/၂၀၁၅၊ လက်နက်များအက်ဥပဒေပုဒ်မ-၁၉(င)နှင့် (ပ)၁၃၈၅/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၂၆ တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/

လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ၀င်ရောက်ဖြန်ဖြေပေးတဲ့ အိမ်နီးဖြစ်သူ ဓားထိုးခံရ   လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ၀င်ရောက်ဖြန်ဖြေပေးတဲ့ အိမ်နီးဖြစ်သူ ဓားထိုးခံရ Reviewed by THITHTOOLWIN on 17:58 Rating: 5
Powered by Blogger.