ရန်ကုန် ရခိုင်ပြည်နယ်နေ့ ကျင်ရွှေမောင်းတန်း ပထမဆု ရွှေအလေးချိန် တစ်ကျပ်သား ချီးမြှင့်မည်


(ဓာတ်ပုံ- မြောက်ဦးကျင်ပွဲ/ ဓာတ်ပုံ- အင်တာနက်)



ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်မြို့တွင် ကျင်းပမည့် (၄၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ရခိုင်ရိုးရာ ကျင်ပွဲတွင် ပထမ ရွှေမောင်းတန်း ဆုရသူကို ရွှေကျပ်ချိန် တစ်ကျပ်သား ချီးမြင့်သွားမည်ဟု သတင်းရရှိသည်။

၎င်းပြင် ရွှေမောင်တန်း ဒုတိယဆုကို ရွှေ ၁၂ ပဲသား၊ ငွေမောင်းတန်း ပထမဆုကို ရွှေ ၁၂ ပဲသား၊ ငွေမောင်းတန်း ဒုတိယဆုကို ရွှေ ၈ ပဲသား ချီးမြှင့်သွားမည် ဖြစ်ပြီး ရွှေမောင်းတန်း၊ငွေမောင် အထူးဆုများ ကိုလည်း ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့  နေ့လယ် ၂ နာရီက ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်သည့် ပွဲကျင်းပရေး ကော်မတီ၏ စာနယ်ဇင်း ရှင်းလင်းပွဲတွင် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်က ရခိုင်ကျင်ပွဲနှင့် ပတ်သက်ပြီး ထိုသို့ ရှင်းလင်း ပြောဆိုသွားခဲ့သည်။

ရခိုင်ပြည်နယ်နေ့  အကြို ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၊ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတွင် ဒီဇင်ဘာလ ၁၂ ရက် စနေနေ့  နံနက် ၈ နာရီမှ စတင်ကာ ကျင်းပသွားမည်ဟု ဦးအေးမောင်က ဆိုသည်။

ဖွင့် ပွဲအခမ်းအနားနှင့် အတူ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးသတ်ပွဲ၊ ရခိုင်ရိုးရာ အမှတ်တရပစ္စည်းများနှင့် ရခိုင်ရိုးရာ အစားအစာများ ရောင်းချပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့  နေ့ လည် ၁၂ နာရီမှ စတင်ကာ Lady's heart မှ သရုပ်ဆောင် " မြပွင့် ဖြူ " ဦးဆောင်သည့် Dencer အဖွဲ့ ၏ ရခိုင် ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုတင်ဆက်မှုနှင့် အတူ ရခိုင် တေးသံရှင်များ ဖြစ်သည့် ကိုသန်းမောင်၊ ကိုညီအေး၊ ကိုသိန်းဇံ၊မြတ်ခိုင်ကျော်၊ ဝင်းကိုခိုင်၊ ခိုင်မြတ်မင်း၊ ညီမင်းခိုင်၊ ဒိုးအ်ရီ၊ မင်းမင်း၊ ရဲရင့်၊ စိမ်းလဲ့လဲ့၊ ရတနာမိုင်၊ ခင်သက်စု၊ ဇင်မာထွန်း၊ မိချော ၊ ရွှေစံမိုးမြင့်၊ ဇင်ချစ်၊ ဆုသျှားသဇင်တို့ က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။ ရခိုင်စတိတ်ရှိုးခုံ လက်မှတ်တစ်စောင်ကို ၅၀၀၀ ကျပ် ဖြင့် ရောင်းချသွားမည်ဟု ဆိုသည်။

" ကျွန်တော်တို့  ဒီဇင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ တွေမှာ ပြည်နယ်နေ့ အကြို ပျော်ပွဲရွှင်ပွဲတွေ လုပ်ရ တာဟာ အများပြည်သူ အလုပ် ပိတ်ရက် ဖြစ်သလို ရခိုင်ပြည်နယ်နေ့ ကို စိတ်ဝင်စားတဲ့  တခြား တိုင်းရင်းသား တွေလည်း လာရောက်လေ့လာနိုင်အောင် အတွက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ မှာတော့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာ စာတမ်းဖတ်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ် "ဟု ဆိုသည်။



 ( NarinjaraNews)

https://www.facebook.com/NarinjaraNews
ရန်ကုန် ရခိုင်ပြည်နယ်နေ့ ကျင်ရွှေမောင်းတန်း ပထမဆု ရွှေအလေးချိန် တစ်ကျပ်သား ချီးမြှင့်မည် ရန်ကုန် ရခိုင်ပြည်နယ်နေ့ ကျင်ရွှေမောင်းတန်း ပထမဆု ရွှေအလေးချိန် တစ်ကျပ်သား ချီးမြှင့်မည် Reviewed by Staff Writer on 17:18 Rating: 5
Powered by Blogger.