ပုသိမ်- ချောင်းသာ ကားလမ်းဘေးမှ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည်ဟုဆိုသူ လာရောက်အဖမ်းခံ


ပုသိမ် - ချောင်းသာ ကားလမ်းဘေးရှိ ဥတိုကျေးရွာအနီးတွင် ခေါင်းပြတ်လျက်
သေဆုံးနေသည့် အမျိုးသား အလောင်းအတွက် ပြစ်မှုကျူးလွန်သူမှာ ကိုယ်တိုင်
လာရောက် အဖမ်းခံခဲ့ကြောင်း ချောင်းသာ ရဲစခန်းမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီခန့်က ဖြစ်ပွားခဲ့သော အမှုအတွက် ပြစ်မှု
ကျူးလွန်သူမှာ ညတွင်းချင်း ချောင်းသာရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ခြင်း
ဖြစ်ကြောင်း ချောင်းသာရဲစခန်မှူး ဦအုန်းကျော် က ပြောသည်။

“တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးရန်စတော့ မရှိပါဘူး။ အခင်းဖြစ်ပွားတဲ့နေ့က
အထင်လွဲ ပြီး ဆဲကြဆိုကြရင်း နဲ့ ခေါင်းပြတ်တဲ့အထိ ဓားနဲ့ ခုတ်ခဲ့တာလို့
သိရပါတယ်” ဟု ချောင်းသာ ရဲစခန်းမှူးက ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့က သေဆုံးသူမှာ ဖုန်းလိုင်းမကောင်းသည့်အတွက်
တစ်ဦးတည်း ဆဲဆိုနေရာမှ လမ်းတစ်ဖက်ရှိ ကိုင်းများ မီးရှို့နေသည့်
ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသူမှ မိမိကို ဆဲတာလားဟု မေးမြန်းရာမှ
တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ဆဲဆိုကာ ဓားခုတ်မှုအထိ ဖြစ်ပွား
ခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာရဲစခန်းမှ သိရသည်။

၎င်းတို့နှစ်ဦးနေသည့်နေရာမှာ ပုသိမ်-ချောင်းသာကားလမ်းဘေး တစ်ဖက်
တစ်ချက်တွင် ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးစိန်ခေါ်ကာ ဓားကိုယ်စီဖြင့် ထွက်ခဲ့ရာမှ
ကားလမ်းဘေးတွင် ခိုက်ရန် ဖြစ်ပွား ခြင်းဖြစ်ကြောင်း ဥတိုကျေးရွာ
ဒေသခံများထံမှ သိရသည်။

“သူတို့တွေနေတဲ့ အိမ်တွေက ရွာနဲ့ ဝေးတဲ့ တဲစုလေးတွေမှာနေတာ။ သေတဲ့
ကောင်လေးဆိုရင် ရာဘာခြံမှာ တစ်ယောက်တည်း လာလုပ်နေတာ။ ခုတ်တဲ့
ကောင်လေးကတော့ မိန်းမ ယောက္ခမနဲ့ အတူတူနေတာ။ အဲ့နေ့က သူက ညနေ ၎
နာရီ လောက်ကတည်းက ကိုင်းတွေ မီးရှို့နေတာတော့ တွေတယ်။ နောက်ပိုင်း
ဘာတွေ ဆက်ဖြစ်တယ် ဆိုတာတော့မသိဘူး” ဟု ဥတိုကျေးရွာနေ ဦးအုန်းသန်းက
ပြောသည်။

ယခုအခါ ပြစ်မှုကျူးလွန်သည်ဟု ရဲစခန်းတွင် ဝန်ခံထားသူ ဆိုးပေ ၂၆ နှစ်အား
ချောင်းသာ ရဲစခန်းက (ပ)၈၆/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၀၂(က) ဖြင့် အမှုဖွင့်
ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
ပုသိမ်- ချောင်းသာ ကားလမ်းဘေးမှ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည်ဟုဆိုသူ လာရောက်အဖမ်းခံ  ပုသိမ်- ချောင်းသာ ကားလမ်းဘေးမှ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည်ဟုဆိုသူ လာရောက်အဖမ်းခံ Reviewed by THITHTOOLWIN on 13:06 Rating: 5
Powered by Blogger.