စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး


 ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရင်က အစဉ်အလာမရှိခဲ့သေးတဲ့ နို်င်ငံတော်အကြီး အကဲတာဝန်တွေကို စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်းတစ်ခုကို ထူထောင်ဖို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးပွဲမှာ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့မနက် ၉ နာရီကနေ ၉ နာရီ ၄၅မိနစ်အထိ၄၅မိနစ်ကြာ နေပြည်တော်သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒ့ါအပြင် နောင်ပေါ်ပေါက်လာမယ့် အစိုးရကို အေးချမ်းတည်ငြိမ်ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မရှိစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာကျင်းပပေးခဲ့တဲ့အတွက်နိုင်ငံတော်သမ္မတကို ကျေးဇူးတင်ကြောင်း နဲ့ ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်နိုင်ရန် သမ္မတကြီးက လိုအပ်သည့် ဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ပါရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဒီကနေ့ နေ့လည်၂နာရီမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

(နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်)

RFA Burmese
https://www.facebook.com/RFA-Burmese
စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး  စနစ်တကျလွှဲပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ရန်ဆွေးနွေး Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.