လှေစီးရေမျောကမ်းတင် ၄၈ ဦး မြန်မာဘက်က ဘင်္ဂလာဒေ့ရှ့်သို့ လွဲပြောင်းမည်

( ဓာတ်ပုံမှာ ယခင်က နှစ်နိုင်ငံ ချစ်ကြည်တံတားတွင် လှေစီးရေမျောကမ်းတင်များ အား လွဲပြောင်းနေ သည့် မြင်ကွင်း ဖြစ်ပါသည်။)
 ရန်ကုန်၊ ဒီဇင်ဘာ ၁

 မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထားသော လှေစီးရေမျောကမ်းတင် ဘင်္ဂလီ ၄၈ ဦးကို မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ လွဲပြောင်းသွားမည်ဟု မောင်တောခရိုင် လ၀ကမှူး ဦးစောနိုင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ မနက်ဖြန် ဘင်္ဂလီ ၄၈ ဦးကို လွဲဖို့ရှိပါတယ်။ တောင်ပြိလက်ဝဲုမြို့ မြို့နယ် အထွေထွေ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာဘဲ မြန်မာ ဘက်က ကျွန်တော် ဦးစောနိုင် ဦးစီးပြီး ဘင်္ဂလာဒေ့ရှ်ဘက်က အမှတ် (၁၇) နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အမ်းအန် အူလာဖာကာ ဦးဆောင်တဲ့ အဖွဲ့တို့ အလံတင် အစည်းအဝေး ပြုလုပ်ပြီးတော့ ချစ်ကြည်ရေးတံတားမှာဘဲ လွဲပြောင်းပေးအပ်ဖို့ ရှိပါတယ်” ဟု ဦးစောနိုင်က ပြောသည်။

နောက်ထပ် တောင်ပြိုလက်ဝဲစခန်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးပြေး ၂၆ ဦး ကျန်ရှိနေမည် ဖြစ်ပြီး သူတို့အား ဘင်္ဂလာဘက်မှ စစ်ဆေးနေတုန်း ဖြစ်သဖြင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews
လှေစီးရေမျောကမ်းတင် ၄၈ ဦး မြန်မာဘက်က ဘင်္ဂလာဒေ့ရှ့်သို့ လွဲပြောင်းမည်   လှေစီးရေမျောကမ်းတင် ၄၈ ဦး မြန်မာဘက်က ဘင်္ဂလာဒေ့ရှ့်သို့ လွဲပြောင်းမည် Reviewed by THITHTOOLWIN on 03:57 Rating: 5
Powered by Blogger.