လက်နက်များ တပ်ဖြန့် ချထားသည့် ရုရှား၏လုပ်ရပ်ကို တူရကီစိုးရိမ်လျက်ရှိ




ဆီးရီးယားနယ်စပ်၌ ရုရှား ဗုံးကြဲလေယာဉ် တစ်စင်းကို တူရကီလေတပ်က ပစ်ချ ခဲ့ပြီးနောက် တူရကီနိုင်ငံ ပတ်လည်တွင် စစ်လက်နက်များ တိုးမြှင့်တပ်ဖြန့် ချထားသည့် ရုရှား၏ လုပ်ရပ်နှင့် ပတ်သက်၍ တူရကီအစိုးရက စိုးရိမ်လျက် ရှိကြောင်း Hurriyet သတင်းဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားနိုင်ငံသည် ဒီဇင်ဘာ ၈ ရက်က အာမေးနီးယားနိုင်ငံ ယီရီဗန်မြို့အနီးရှိ Erebuni လေတပ်စခန်းသို့ ရဟတ်ယာဉ် ၁၄ စင်းကို စေလွှတ်တပ်ဖြန့် ခဲ့ကြောင်း၊ ၄င်းတို့အနက် ခုနစ်စင်းမှာ Mi-24 အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဖြစ်ပြီး ခြောက်စင်းမှာမူ Mi-8 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ဖြစ်ကြောင်းနှင့် ယခုနှစ် မကုန်မီ ဒီဇင်ဘာ ၁၅ ရက်ဝန်းကျင်တွင် အခြား တိုက်လေယာဉ်များ ထပ်မံရောက်ရှိ လာနိုင်သေးကြောင်း ယင်းသတင်း ဌာနက ပြောကြားထားသည်။

ထို့အပြင် ရုရှားအစိုးရသည် Rostovon-Done အမည်ရှိ ရေငုပ်သင်္ဘော တစ်စင်းကိုလည်း မြေထဲပင်လယ် ကမ်းရိုးတန်း တာကျုစ်မြို့ရှိ ရေတပ်စခန်းသို့ စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ ရေငုပ်သင်္ဘောကို ခရုဇ်ဒုံးကျည် များဖြင့် တပ်ဆင် တည်ဆောက် ထားကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ လာတာကီးယား မြို့ရှိ လေတပ်စခန်းကို အသုံးပြုလျက် ရှိပြီး ယင်း လေတပ်စခန်းမှာ ဆီးရီးယား သမ္မတ အာဆတ်၏ ခြေကုပ်စခန်း များအနက် တစ်ခုဖြစ်သည်။

(Pyi Chit Thar)

http://www.pyichitthar.com/
လက်နက်များ တပ်ဖြန့် ချထားသည့် ရုရှား၏လုပ်ရပ်ကို တူရကီစိုးရိမ်လျက်ရှိ လက်နက်များ တပ်ဖြန့် ချထားသည့် ရုရှား၏လုပ်ရပ်ကို တူရကီစိုးရိမ်လျက်ရှိ Reviewed by Staff Writer on 12:47 Rating: 5
Powered by Blogger.