အာဆီယံသိုင်းဝိုင်းထဲ မြန်မာဝင်ဆန့်ဖို့ ခက်ခဲ



အာဆီယံ ​အသိုင်းအဝိုင်းရဲ့ ​စီးပွားရေးလောကမှာ ​မြန်မာအနေနဲ့ ​ဝင်ဆန့်ဖို့ ​အခက်အခဲတွေ ​ဖြစ်နိုင်တယ်လို့ ​သမ္မတရဲ့ ​စီးပွားရေးအကြံပေးကပြောကြောင်း ​မြန်မာထိုင်းမ်စ်မှာ ​ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ​၃၁ ​ရက်နေ့ကျရင် ​အာဆီယံ ​အသိုင်းအဝိုင်းကို ​တည်ထောင်ကြမှာ ​ဖြစ်ပြီး ​အရှေ့တောင်အာရှ ​နိုင်ငံတွေ ​တစုတစည်းတည်း ​ကုန်သွယ်လှုပ်ရှားဖို့ ​ဖြစ်ပါတယ်။

ဒီလို ​အာဆီယံ ​စီးပွားရေး ​အသိုင်းအဝိုင်းကနေ ​ကမ္ဘာ့စီးပွားရေးမှာ ​ပါဝင်ပြီး ​အာဆီယံ ​အဖွဲ့ဝင်တွေအကြား ​အကန့်အသတ်မဲ့ ​ရင်းနှီးမြုပ်နှံမှုတွေ၊ ​ကုန်သွယ်မှုတွေ ​လုပ်ဖို့ ​ရည်ရွယ်ကြတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​တခြား ​အာဆီယံနိုင်ငံတွေနဲ့ ​ယှဉ်နိုင်ဖို့ ​မြန်မာ၊ ​ကမ္ဘောဒီးယားနဲ့ ​လာအိုတို့အတွက် ​အခက်အခဲ ​ဖြစ်နေတဲ့အတွက် ​၂၀၁၈ ​ခုနှစ်မှ ​ပူးပေါင်းဖို့ ​ခွင့်ပြုချက်ရထားပါတယ်။

စီးပွားရေး ​ပညာရှင်တွေကတော့ ​၂၀၁၈ ​ခုနှစ်မှာတောင် ​မြန်မာအနေနဲ့ ​တခြား ​အာဆီယံတွေနဲ့ ​ပူးပေါင်းလှုပ်ရှားဖို့ ​ခက်နိုင်တယ်လို့ ​ဆိုပါတယ်။

မြန်မာအနေနဲ့ ​သတ်မှတ်ထားတဲ့ ​အချိန်မှာ ​ပူးပေါင်းနိုင်အောင် ​ခြေလှမ်းတလှမ်းခြင်း ​လှမ်းပြီး ​လုပ်ဆောင်နေပြီး ​မခုန်လွှားမိအောင် ​သတိထားရမယ်လို့ ​သမ္မတရဲ့ ​စီးပွားရေးအကြံပေး ​ဦးဇော်ဦးက ​မြန်မာထိုင်းမ်စ်ကို ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

မြန်မာအတွက် ​အခြေခံ ​အဆောက်အဦးတွေ ​ဖြစ်တဲ့ ​ကူးသန်းသွားလာရေး၊ ​ဆက်သွယ်ရေး၊ ​လျှပ်စစ်မီး ​အစရှိတဲ့ ​နေရာမှာ ​စိန်ခေါ်မှုတွေ ​များပြားနေပြီး ​အဲဒီလို ​အခြေခံ ​အဆောက်အဦးတွေ ​ခိုင်မှာမှု ​ရှိဖို့က ​အရေးကြီးသလို ​ကျွမ်းကျင် ​အလုပ်သမားတွေနဲ့ ​ရင်းနှီးမြုပ်နှံမှု ​ဥပဒေတွေ ​ရှိဖို့လိုတယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

(Radio Australia)

http://www.radioaustralia.net.au/burmese/
အာဆီယံသိုင်းဝိုင်းထဲ မြန်မာဝင်ဆန့်ဖို့ ခက်ခဲ အာဆီယံသိုင်းဝိုင်းထဲ မြန်မာဝင်ဆန့်ဖို့ ခက်ခဲ Reviewed by Staff Writer on 12:15 Rating: 5
Powered by Blogger.