ဝေါမြို့ဝင်အမှတ်(၂)တံတားတွင် ယာဉ်တိုက်မှု ထပ်မံဖြစ်ပွား၍ လူသေဆုံး


 ဝေါ ဒီဇင်ဘာ(၃၀)

 ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်အဝင် အမှတ် (၂)တံတားတွင် ဒီဇင်ဘာ(၃၀)ရက် ယနေ့နံနက်( ၆ )နာရီအချိန်ခန့် က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်

ဖြစ်စဉ်မှာ ကျိုက်ထိုဘက်မှ ရန်ကုန်ဘက် သို့ မောင်းနှင်လာသော Honda Fit အနက်ရောင်ယာဉ်နှင့်
ရန်ကုန်မြို့မှကျိုက်ထိုမြို့သို့ မောင်းနှင်လာသော စူပါကတ်စတန် ခဲရောင်ယာဉ်တို့ မိုင်တိုင်အမှတ်(်၆၉/၇နှင့်၇၀/၀့ )ကြားတံတားအမှတ် (၂/၇၀)နေရာတွင် တိုက်မိခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့်Honda Fit ယာဉ်အားမောင်းနှင် လာသော ကန်ကြီးထောင့်ကျေးရွာ ပုသိမ်မြို့နယ်တွင်နေထိုင်သူ ယာဉ်မောင်အသက်(၄၀)ခန့့် ရှိဗွီနိုင်းဆိုသူ အမျိုးသားတစ်ဦး ဆုံးပါးခဲ့ကြောင်း စူပါကတ်စတန် ယာဉ်ပေါ်မှ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ များရ ရှိခဲ့ပြီး ၎င်း အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ထိုင်ဝမ်နိုင်ငံသူ Mei Yaung Waung ဆိုသူဖြစ်ပြီး ဝဲဘက်ပေါင်ကျိုး၍ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။

၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ဝေါမြို့မရဲစခန်းမှ ယာဉ်(ပ)၇၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၄-က /၃၃၇/၃၃၈ ဖြင့်အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်နေကြောင်း သတင်းရ ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အဆိုပါတံတားအနီးတွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦးဆုံးပါးခဲ့ကြောင်း တံတားပြုပြင်နေသည့် အချက်ပြဆိုင်းဘုတ် လမ်းညွှန်ဆိုင်းဘုတ်များနှင့် အချက်ပြ မီးစနစ်များ အားနည်းသည်ဟု ဝေါမြို့ခံများကြား ယာဉ်တိုက်မှု မကြာခဏဖြစ်ပေါ်နေသည့် ဝေါမြို့အဝင့် တိုးချဲ့ပြုပြင်နေသည့်အမှတ် (၂)တံတားနှင့် ပက်သက်၍ ဝေဖန်ပြောဆိုနေကြောင်း ဆက်လက်သိရှိရသည်

Waw Media
https://www.facebook.com/Waw-Media-Page
ဝေါမြို့ဝင်အမှတ်(၂)တံတားတွင် ယာဉ်တိုက်မှု ထပ်မံဖြစ်ပွား၍ လူသေဆုံး   ဝေါမြို့ဝင်အမှတ်(၂)တံတားတွင် ယာဉ်တိုက်မှု ထပ်မံဖြစ်ပွား၍ လူသေဆုံး Reviewed by THITHTOOLWIN on 14:25 Rating: 5
Powered by Blogger.