ဘုရားသုံးဆူသို့ ကမ္ဘာလှည့်ခရီးသွားများ မလာရန် ထိုင်းအာဏာပိုင်တွေ သတိပေး


 ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူတွင် မြန်မာနှစ်ဦး သေဒဏ်ချမှတ်ခံရမှုနဲ့ ပတ်သက်
လို့ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် နယ်စပ် ဘုရားသုံးဆူ ဧရိယာကို
ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ သွားရောက်ခြင်း မပြုဖို့ ထိုင်းအာဏာပိုင်တွေက
သတိပေးလိုက်ပါတယ်။

ကရင်ပြည်နယ်နဲ့ ကန်ချနာပူရီ နယ်စပ်မှာရှိတဲ့ ဘုးရားသုံးဆူဒေသဟာ ထိုင်းဘက်
ခြမ်းက ဘုရားသုံးဆူ ( Chedi Sam Ong ) နဲ့ မြန်မာဘက်ခြမ်း ဘုရားသုံးဆူဆိုတာ
ရှိနေပြီး နှစ်နိုင်ငံ ခေတ်အဆက်ဆက် သမိုင်းကြောင်းအရပါ အရေးပါတဲ့ နယ်မြေ
တစ်ခုဖြစ်နေခဲ့တာပါ။

မြန်မာဘက်ခြမ်းက ထိုင်းဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ နယ်စပ်ဂိတ်နားမှာ
ဆန္ဒပြနေတာ ၆ ရက်လောက်ရှိနေပြီ ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း
ဆန္ဒပြခဲ့သလို လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ပြန်လည်စီစစ်ပေးဖို့ ၊
တရားမျှတမှုရှိစေဖို့ နဲ့ မြန်မာနှစ်ဦးကို လွတ်ပေးဖို့တို့ကို တောင်းဆိုခဲ့တယ်လို့
ဒီဇင်ဘာလ ၃၀ ရက်နေ့ ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။

ဘုရားသုံးဆူ နယ်စပ်တစ်လျှောက်မှာတော့ နှစ်နိုင်ငံလုံးက လုံခြုံရေးတွေ
တင်းကျပ်စွာ ချထားပြီး ထိုင်းစစ်သားတွေက နယ်စပ်နားကို ခရီးသွားတွေ မလာဖို့
ပြောဆိုနေကြတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ ဖုအာ့ထိုင်းပါတီက
လည်း မြန်မာမှာ ဖြစ်နေတဲ့ လိပ်ကျွန်းအရေးဆန္ဒပြပွဲတွေနဲ့ ၄င်းတို့ပါတီ ပတ်သက်မှု
မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ အာဏာသိမ်းစစ်အစိုးရရဲ့ ဒုတိယ၀န်ကြီးချုပ်က ဆန္ဒပြပွဲတွေရဲ့
နောက်ကွယ်မှာ ထိုင်းအစိုးရကို ဒုက္ခပေးလိုသူတွေ ရှိနေတယ်လို့ ယုံကြည်တဲ့
အကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောဆိုထားပါတယ်။

လတ်တလောမှာပဲ ထိုင်းနိုင်ငံရောက်မြန်မာတွေအပေါ် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးမှု
တွေ ပိုမိုများပြားလာတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာတွေက The Ladies News
ကို ပြောဆိုပါတယ်။

Photo - Bankkok Post
Ref; The Nation, Bankkok Post
The Ladies News Journal
https://www.facebook.com/News.TheLadies
ဘုရားသုံးဆူသို့ ကမ္ဘာလှည့်ခရီးသွားများ မလာရန် ထိုင်းအာဏာပိုင်တွေ သတိပေး  ဘုရားသုံးဆူသို့ ကမ္ဘာလှည့်ခရီးသွားများ မလာရန် ထိုင်းအာဏာပိုင်တွေ သတိပေး Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.