ရွှေဆွဲကြိုးလိုက်လံရောင်းချနေသူ လူငယ်အား မသင်္ကာသဖြင့် စစ်မေးရာမှ လုယက်မှုပေါ်ပေါက်





ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် ခိုးမှု၊ လုယက်မှုများဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ၂၉.၁၁.၂၀၁၅ ရက်နေ့ ၁၂၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း သတင်းစုံစမ်းနေစဉ် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၌ အလေးချိန်(၂)ကျပ်၊ (၉)ပ၊ဲ (၄)ရွေးခန့်ရှိရွှေဆွဲကြိုး(၁)ကုံးအား မသင်္ကာဖွယ်လိုက်လံရောင်းချနေသူ လှိုင်သာယာမြို့နယ်နေ သက်ပိုင်ငြိမ်း၊ (၂၁)နှစ်အားတွေ့ရှိသဖြင့် စစ်မေးခဲ့ပါသည်။

ထိုသို့စစ်မေးခဲ့ရာ ၎င်းသည် ယင်းနေ့ ၀၈၃၀ အချိန်ခန့်က ထန်းတပင်မြို့နယ်၊ ရိုးလေးကျေးရွာရှိ ပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်း ဘုရားထီးတော်တင်ပွဲတွင် ငွေဖလားဖြင့်ပိုက်ဆံကြဲနေသူ အမျိုးသမီး၏လည်ပင်း၌ဆွဲထားသော ရွှေဆွဲကြိုးအား လုယူခဲ့ပြီးလာရောက်ရောင်းချခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့၍ စိစစ်ခဲ့ရာ ဆွဲကြိုးလုယက်ခံရသူအမျိုးသမီးမှာ ထန်းတပင်မြို့နယ်နေ မကြည်နိုင်ဖြစ်ကြောင်းအတည်ပြုသိရှိရပါသည်။ယင်းသို့ပေါ်ပေါက်ချက်အရ သက်ပိုင်ငြိမ်းအား တက်သစ်နယ်မြေရဲစခန်း(ပ)၁၄၅/၂၀၁၅၊ ပြစ်မှုပုဒ်မ၃၈၂ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

( Yangon Police )

https://www.facebook.com/yangonpolice
ရွှေဆွဲကြိုးလိုက်လံရောင်းချနေသူ လူငယ်အား မသင်္ကာသဖြင့် စစ်မေးရာမှ လုယက်မှုပေါ်ပေါက် ရွှေဆွဲကြိုးလိုက်လံရောင်းချနေသူ လူငယ်အား မသင်္ကာသဖြင့် စစ်မေးရာမှ လုယက်မှုပေါ်ပေါက် Reviewed by Staff Writer on 17:52 Rating: 5
Powered by Blogger.