အမေရိကန် ပိတ်ဆို့ဒဏ်ခတ် မှုတွေ များများစားစား ပြောင်းလဲ ဘွယ်မမြင်

 အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး Scot Marciel ကို တွေ့ရစဉ်။ Photo: US State Department
 မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲတစ်ရပ် အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပေမယ့်  အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ကြီးကြီးကျယ်ကျယ်ပြောင်းလဲသွားဘွယ် မမြင်ဘူးလို့ ရှေ့နှစ်ခန့် အပ်မယ့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် သမ္မတ အိုဘားမားက ရွေးချယ်ထားသူ  Mr Scot Marciel   က ပြောကြားလိုက်ပါတယ်။

သူဟာ လောလောဆယ်မှာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းခဲ့ဘူးသူဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဘာမှအပြောင်းအလဲ မမျှော်လင့်သလို ပြောင်း လဲပေးဖို့ ထောက်ခံတင်ပြစရာလည်း မမြင်မိသေးဘူးလို့  ပြောပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေဆိုတာ ရည်မှန်းမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာရေးအတွက် အထောက်အကူ အင်မတန်ဖြစ် တယ်လို့လည်း သူကပြောသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese

အမေရိကန် ပိတ်ဆို့ဒဏ်ခတ် မှုတွေ များများစားစား ပြောင်းလဲ ဘွယ်မမြင်  အမေရိကန် ပိတ်ဆို့ဒဏ်ခတ် မှုတွေ များများစားစား ပြောင်းလဲ ဘွယ်မမြင် Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.