အမှုမှ တရားခံများအား စစ်ဆေးရာက ဆိုင်ကယ်ခိုးမှုများ ထပ်မံပေါ်ပေါက်

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၎င်းရဲစခန်း(ပ)၄၀၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉ အမှုမှ တရားခံ အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းအနောက်ထိပ်နေ ရဲထွန်း(ခ) ရဲဇော်အောင်(၂၃)နှစ်အား သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက ချမ်းမြသာစည်မြို့နယ်၊ ကျောက်ဆစ်တန်းလမ်းဘေးတွင် ရပ်ထားသော Zong Shen ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သက်သေခံဆိုင်ကယ် သိမ်းဆည်းပြီး ရဲထွန်း(ခ)ရဲဇော်အောင်အား ချမ်းမြသာစည်မြို့မရဲစခန်း(ပ)၄၄၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၎င်းရဲစခန်း(ပ)၆၇၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ အမှုမှမသင်္ကာတရားခံ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ ဇော်မင်းနိုင်(၂၇)နှစ်နှင့် စဉ့်ကိုင်မြို့နေ မျိုးထွန်း(၃၀)နှစ်တို့(၂)ဦးအား သက်သေများနှင့်အတူ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ၎င်းတို့(၂)ဦးသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ဘုန်းကြီးကျောင်းအနီးတွင် ရပ်ထားသော ANBO CZI-125 ဆိုင်ကယ်နှင့် Shaying CZI-125 ဆိုင်ကယ်တို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် သက်သေခံဆိုင်ကယ်များ သိမ်းဆည်းပြီး ဇော်မင်းနိုင်နှင့် မျိုးထွန်းတို့(၂)ဦးအား ပြည်ကြီးတံခွန်မြို့မ ရဲစခန်း(ပ)၆၈၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

(ရဲဇာနည်)

https://www.facebook.com/yezarnimedia
အမှုမှ တရားခံများအား စစ်ဆေးရာက ဆိုင်ကယ်ခိုးမှုများ ထပ်မံပေါ်ပေါက် အမှုမှ တရားခံများအား စစ်ဆေးရာက ဆိုင်ကယ်ခိုးမှုများ ထပ်မံပေါ်ပေါက် Reviewed by Staff Writer on 12:36 Rating: 5
Powered by Blogger.