ရုရှားနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းခံတပ် တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ


မော်စကို ၊ ၃၁-၁၂-၂ဝ၁၅

ရုရှားနိုင်ငံတောင်ပိုင်း ဒါဂီစတန်ဒေသရှိ သမိုင်းဝင် ရှေးဟောင်းခံတပ် တစ်ခုသို့ လာရောက် လည်ပတ်သော ခရီးသွားအဖွဲ့ တစ်ဖွဲ့ကို သေနတ်သမား တစ်ဦးက ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာ ထားသည်။

''ပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ လူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သူတို့ထဲက တစ်ဦးကတော့ သေဆုံးသွားခဲ့ ပါတယ်'' ဟု တာဝန်ရှိသူ များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA Novosti သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် ဒဏ်ရာရရှိသူ များကို ဆေးဝါး ကုသမှုများ လုပ်ဆောင်ပေးလျက် ရှိပြီး ၄င်းတို့အနက် လေးဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ တွင်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသွားအဖွဲ့မှာ ဒေသခံ ပြည်သူများဖြစ်ပြီး ၄င်းတို့သည် ဒါးဘန့်မြို့ရှိ ခံတပ်အပေါ်မှ သဘာဝ ပတ်ဝန်းကျင် အလှကို ကြည့်ရှုနေစဉ် အမည်မသိ အမျိုးသား တစ်ဦးက ခံတပ်အနီးရှိ တောအုပ် အတွင်းမှ နေ၍ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ယင်းခရီးသည် များအနက် နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦး ပါဝင်ပြီး တစ်ဦးမှာ သေဆုံးခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြ ထားသည်။

ဒါဂီစတန်ဒေသ သည် ရုရှားတပ်ဖွဲ့ များက အစ္စလာမ်မစ် အစွန်းရောက် သူပုန်များကို နှစ်ပေါင်းများစွာကြာ တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည့် မြောက် ကော့ကေးဆပ် ဒေသအတွင်းမှ မူဆလင်လူမျိုး အများစု
နေထိုင်ရာ ဒေသဖြစ်ပြီး ပစ်ခတ်မှု များနှင့် ဗုံးခွဲ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည့်ဒေသ တစ်ခုလည်း ဖြစ်သည်။

သို့သော် ခရီးသွားများကို တိုက်ခိုက်မှုသည် ပုံမှန် အကြမ်းဖက် တိုက်ခိုက်မှု မဟုတ်ကြောင်း နှင့် ယင်း သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်များက ရှာဖွေစုံစမ်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ရုရှားနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းခံတပ် တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ  ရုရှားနိုင်ငံတောင်ပိုင်းရှိ ရှေးဟောင်းခံတပ် တစ်ခု၌ ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.