တောင်သူစုကျေးရွာမှာ လူသတ်မှုဖြစ်ပွား

 ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၀၉း၅၀ အချိန်ပဲခူးမြို့ မြို့မ ရဲစခန်းအပိုင် တောင်သူစုကျေးရွာတွင်
လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူမှာ မခင်မာဝေ(၃၀)နှစ် အုန်းသာယာရပ်ကွက် တောင်သူစုကျေးရွာ နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ မိုးဇော်ဝင်း(၃၄)နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

 အခင်းဖြစ်ပွားရာသို့ ပဲခူးမြို့မရဲစခန်းမှဒုရဲမှူးစိုးပိုင်နှင့် ရဲတပ်ဖွဲ့ ဝင်များ အချိန်မှီရောက်ရှိ စစ်ဆေးမှုများ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိထားပြီးလို့ သိရပါတယ်။

 ပြစ်မှုကျူးလွန်သူတွင်လည်း (စိုးရိမ်ရ) လည်ပင်း ပြတ်ရှ ဒဏ်ရာရရှိထား တာကြောင့် လတ်တစ်လော ရဲတပ်ဖွဲ့ ဝင်များနှင့် ပဲခူးပြည်သူဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများက ပြစ်မှုကျူးလွန်သူကို အရေးပေါ် ကယ်ဆယ်ကုသခွဲစိတ်မှုများ ပြုလုပ်ဆောင်ရွက် နေကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ ဇော်ရှင်း (FACEBOOK)
BY THIT HTOO LWIN





တောင်သူစုကျေးရွာမှာ လူသတ်မှုဖြစ်ပွား  တောင်သူစုကျေးရွာမှာ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:42 Rating: 5
Powered by Blogger.