ပါးပြင်ကို မွှေးမွှေးပေးမိ၍ သြစတြေးလျဝန်ကြီးတဦး ရာထူးမှနုတ်ထွက်ခဲ့ရ


 ပြည်သူ့ဝန်ထမ်း အမျိုးသမီးတဦးနှင့်အတူ ဟောင်ကောင်ဘားတွင် ကျူးလွန်ခဲ့သော အမှားတခုအတွက် ၀န်ခံပြီးနောက် သြစတြေးလျအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦး ယမန်နေ့က ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။ မြို့နှင့် ပတ်ဝန်းကျင် တည်ဆောက်ရေးဆိုင်ရာ ၀န်ကြီး ဂျေမီ ဘရစ်ဂ်သည် ညဘက် အတူတူအပြင်ထွက်လည်ခဲ့ရာတွင် ၎င်း၏အပြုအမူနှင့်ပတ်သက်၍ အဆိုပါ အမျိုးသမီးက မေးခွန်းထုတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးမှ ဆင်းပေးခဲ့ရခြင်းဖြစ်သည်။

လူစည်ကားသော ဘားဆိုင်အတွင်း ထိုညက အဖြစ်အပျက်များနှင့် ပတ်သက်၍ မစ္စတာဘရစ်ဂ်က ဥပဒေနှင့်ညိစွန်းသော လုပ်ရပ် ကျုးလွန်ခဲ့ခြင်းမရှိဟုဆိုပြီး ပြည့်ပြည့်စုံစုံ ရှင်းလင်းရန်ကိုမူ ငြင်းဆိုခဲ့သည်။ သို့သော်လည်း Adelaide Advertiser ၏ ရေးသားချက်တွင် မစ္စတာဘရစ်ဂ်သည် ထိုအမျိုးသမီးအား မျက်လုံးလေးလှပကြောင်း ပြောဆိုပြီးနောက် အခန်းတွင်းမှ ထွက်ခွာစဉ် အဆိုပါအမျိုးသမီးကိုဖက်ပြီး ပါးကိုနမ်းခဲ့ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် မဲလ်ကွန်းတန်းဘူးလ်ကမူ မစ္စတာရစ်ဂ် အပြုအမူသည် သြစတြေးလျအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးအတွက် လိုအပ်သော စံသတ်မှတ်ချက် ပြည့်မီမှုမရှိကြောင်း ပြောကြားခဲ့သည်။

ထွဋ်ဝင်းထွဋ်
Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပါးပြင်ကို မွှေးမွှေးပေးမိ၍ သြစတြေးလျဝန်ကြီးတဦး ရာထူးမှနုတ်ထွက်ခဲ့ရ   ပါးပြင်ကို မွှေးမွှေးပေးမိ၍ သြစတြေးလျဝန်ကြီးတဦး ရာထူးမှနုတ်ထွက်ခဲ့ရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.