ရုရှားမှတူရကီနိုင်ငံအားထပ်မံအရေးယူပိတ်ဆို့ မှုကြောင့်နှစ်နိုင်ငံသမ္မတများထိပ်သီးအစည်းအဝေးအား ပယ်ဖျက်



ရုရှား နိုင်ငံ အစိုးရ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ရုရှားနိုင်ငံနှင့် တူရကီ နိုင်ငံ နှစ်နိုင်ငံ သမ္မတများ၏ ထိပ်သီး အစည်းအဝေး ကို ပယ်ဖျက်လိုက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် တရားဝင် ပြောကြားလိုက်သည်။

ယင်း ကျင်းပမည့် အစည်းအဝေးတွင် တူရကီ နိုင်ငံ သမ္မတ တေရစ် အာဒိုဂန် တက်ရောက်မည်  ဖြစ်ကြောင်း သိရှိခဲ့ရသည်။ယခု အစည်းအဝေးအား ပယ်ဖျက်ခြင်းအားဖြင့် နှစ်နိုင်ဆက်ဆံရေး ပိုမို ဆိုးရွား စေနိုင်ကြောင်း ခန့် မှန်းရသည်။

ယခု ကဲ့သို့  ထိပ်သီး အစည်းအဝေးအား  ပယ်ဖျက်ခဲ့ခြင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံ မှ လေယာဉ်အား တူရကီ နိုင်ငံ မှ တိုက်လေယာဉ် တစ်စင်းက ပစ်ချခဲ့ခြင်းနှင့် ဆက်စပ်နေပြီး ယင်း ကိစ္စ နှင့် ပတ်သက်၍လည်း ရုရှား နိုင်ငံက တူရကီ နိုင်ငံ အပေါ် အဆက်မပြတ် အရေးယူပိတ်ဆို့ မှု များ ပြုလုပ်နေကြောင်း သိရှိရသည်။


(Xinhua)

http://www.xinhuamyanmar.com/
ရုရှားမှတူရကီနိုင်ငံအားထပ်မံအရေးယူပိတ်ဆို့ မှုကြောင့်နှစ်နိုင်ငံသမ္မတများထိပ်သီးအစည်းအဝေးအား ပယ်ဖျက် ရုရှားမှတူရကီနိုင်ငံအားထပ်မံအရေးယူပိတ်ဆို့ မှုကြောင့်နှစ်နိုင်ငံသမ္မတများထိပ်သီးအစည်းအဝေးအား ပယ်ဖျက် Reviewed by Staff Writer on 12:03 Rating: 5
Powered by Blogger.