အယ်လ်နီညိုရိုက်ခတ်မှု အန္တရာယ် သတိပေး


၂၀၁၆ ခုနှစ်အတွင်းမှာ အပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုကြောင့် လူသန်းပေါင်းများစွာဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါဘယ ထူပြောမှု အန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ အထောက်အကူပြု အေဂျင်စီတွေက ပြောကြားလိုက်ပါတယ်။

မှတ်တမ်းတင်ထားတဲ့ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် တချို့ဒေသတွေမှာ ပိုမိုဆိုးရွားတဲ့ မိုးခေါင်မှုတွေဖြစ်ပေါ်နိုင်သလို တခြားဒေသတွေမှာ ရေကြီးမှုတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အယ်လ်နီညိုဖြစ်စဉ် သက်ရောက်မှု အဆိုးရွားဆုံး ကျရောက်မယ့်ဒေသဟာ အာဖရိကတိုက်ဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီလမှာ အစာရေစာပြတ်လတ်မှု အမြင့်မားဆုံးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ကာရေဘီယံ၊ အလယ်နဲ့တောင် အမေရိက အပါအ၀င် အခြားဒေသတွေမှာလည်း နောက် ၆ လအတွင်းမှာ အယ်လ်နီညို ရိုက်ခတ်မှုဒဏ် ခံရနိုင်တယ်လို့ ဆိုထားပါတယ်။

ကမ္ဘာတ၀န်းမှာ အပူချိန် မြင့်တက်စေပြီး ရာသီဥတု ဖောက်ပြန်စေတဲ့ အခါအားလျှော်စွာ ဖြစ်ပေါ်တဲ့ အခုလို ရာသီဥတု ဖြစ်စဉ်ဟာ ၂၀၁၅ ခုနှစ်ကို ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အယ်လ်နီညိုရိုက်ခတ်မှု အန္တရာယ် သတိပေး   အယ်လ်နီညိုရိုက်ခတ်မှု အန္တရာယ် သတိပေး Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.