အိုင်အက်စ် ခြိမ်းခြောက်မှုကြောင့် အိန္ဒိယမှ ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန်နယ်စပ်တွင် လုံခြုံရေး တိုးမြင့်လိုက်ပြီ




နိရဉ္စရာ၊ ဒီဇင်ဘာ ၅

IS အဖွဲ့၏ ကမ္ဘာအ၀န်း ခြိမ်းခြောက်မှုများ ထွက်ပေါ်လာပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံသည် ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန် နယ်စပ်တစ်လျှောက်တွင် လုံခြုံရေး တိုးမြင့်လိုက်ပြီး အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း Bdnews 24 တွင် သတင်းဖော်ပြသည်။

အိန္ဒိယအနေဖြင့် IS အဖွဲ့၏ လုံခြုံရေးအရ ခြိမ်းခြောက်မှုများအတွက် စိုးရိမ်မှုများ ရှိနေပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော တပ်ဖွဲ့ဝင်များက တစ်ဘက်နိုင်ငံများက ကျူးကျော်ဝင်ရောက်လာမှုများ မရှိစေရန် အနီးကပ် စောင့်ကြည့်နေသည်ဟု အိန္ဒိယ အရာရှိများက ပြောကြောင်း သတင်းက ဆိုသည်။

အိန္ဒိယ အစိုးရ၏ တရားဝင် မှတ်တမ်းတင်ချက်အရ အိန္ဒိယနိုင်ငံသို့ ဘင်္ဂလာနှင့် ပါကစ္စတန်မှ အကြမ်းဖက် အဖွဲ့များ၏ ကျူးကျော် ထိုးဖောက်ဝင်ရောက်မှုသည် ယခင်နှစ်ကထက် များပြားပြီး နယ်စပ် တစ်လျှောက်မှ ထိုးဖောက်ဝင်ရောက်မှု ၆၂ ခုကို ဟန့်တားခဲ့ရပြီး ယမန်နှစ်က ၄၈ မှုသာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့ အနေဖြင့် IS လှုပ်ရှားမှုနှင့် ဘင်္ဂလာဒေ့ရှ်ရှိ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များ၏ လူပ်ရှားမှုနှင့် သတင်း အချက် အလက်များနှင့် အထောက်အထားများကို ရှာဖွေ စုဆောင်းနေသည်ဟု ဆိုသည်။

အိန္ဒိနိုင်ငံ အနောက်ဘင်္ဂလာနှင့် အာသံ ပြည်နယ် အစိုးရများ အနေဖြင့် ဘင်္ဂလာဒေ့ရှ်မှ ဂျာမတ်တူး အစ္စလာမ်မီယာ အဖွဲ့၏ လူပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့သည် ယခုနှစ်အောက်တိုဘာလထိ ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန် နယ်စပ် တစ်လျှောက်မှ လက်နက် ၇၈ လက်နက်နှင့် ကျည်ဆံ ၂၈၆၀ ဖမ်းဆီးရမိခဲသည်ဟု ဆိုသည်။
အိန္ဒိယ နိုင်ငံသည် ဘင်္ဂလာဒေ့ရှ်နှင့် ကီလိုမီတာ ၄၀၉၆ နှင့် ပါကိစ္စတန်နှင့် ၂၂၈၉ ကီလိုမီတာ ရှည်လျား ထိစပ်နေသည်။

 ( NarinjaraNews )

https://www.facebook.com/NarinjaraNews
အိုင်အက်စ် ခြိမ်းခြောက်မှုကြောင့် အိန္ဒိယမှ ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန်နယ်စပ်တွင် လုံခြုံရေး တိုးမြင့်လိုက်ပြီ အိုင်အက်စ် ခြိမ်းခြောက်မှုကြောင့် အိန္ဒိယမှ ဘင်္ဂလာဒေ့ရှ်နှင့် ပါကစ္စတန်နယ်စပ်တွင် လုံခြုံရေး တိုးမြင့်လိုက်ပြီ Reviewed by Staff Writer on 17:13 Rating: 5
Powered by Blogger.