တူရကီနိုင်ငံသား အားလုံး အီရတ်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် တူရကီသတိပေး





အန်ကာရာ ၊ ၁၁-၁၂-၂၀၁၅

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန သည် အီရတ်နိုင်ငံ အတွင်းမှ ၄င်း၏ နိုင်ငံသားများ အားလုံး ချက်ချင်း ထွက်ခွာရန် ပြောကြား ထားသည့် ကြေညာချက် တစ်စောင်အား ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားသည်။

အီရတ်နိုင်ငံသို့ ခရီးသွားလာမှု ဆိုင်ရာ သတိပေးချက် ထုတ်ပြန်ထားသည့် နယ်ပယ်တွင် အီရတ်နိုင်ငံရှိ ဒိုဟက်၊ အာဘေလ်နှင့် ဆူလေမန်နီယာ ပြည်နယ် များမှအပ ကျန် ပြည်နယ် အားလုံးကို ထည့်သွင်း သတ်မှတ် ခဲ့ကြောင်းနှင့် ကင်းလွတ်ခွင့် ရရှိသော ပြည်နယ်များ အားလုံးသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၌ တည်ရှိ နေကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါ ထုတ်ပြန်ချက်တွင် အီရတ်နိုင်ငံ ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၌ လက်ရှိ နေထိုင်လျက် ရှိသည့် တူရကီ နိုင်ငံသားများ အနေဖြင့် ISIS စစ်သွေးကြွ အဖွဲ့ကို ချေမှုန်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရာ နေရာဒေသ များကို ရှောင်ကွင်း သွားရန် သတိပေး ထားကြောင်း သိရသည်။

(Pyi Chit Thar)

http://www.pyichitthar.com
တူရကီနိုင်ငံသား အားလုံး အီရတ်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် တူရကီသတိပေး တူရကီနိုင်ငံသား အားလုံး အီရတ်နိုင်ငံမှ ချက်ချင်းထွက်ခွာရန် တူရကီသတိပေး Reviewed by Staff Writer on 10:50 Rating: 5
Powered by Blogger.