ဥရောပ မြို့တော် တွေမှာ လုံခြုံရေး တင်းကျပ်


 နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတွေ ကျင်းပ ကြမယ့် ဥရောပ နိုင်ငံက မြို့တော် တွေမှာ လုံခြုံရေး ၂ ဆ တိုးမြှင့် ချထား လိုက်ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာတော့ နှစ်သစ်ကူး ပွဲတော်မှာ တိုက်ခိုက်မယ်လို့ သံသယ ရှိသူ ၂ ဦးကို ဖမ်းဆီး ခဲ့ပြီး နောက်မှာ နှစ်သစ်ကူး ပွဲ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ပါတယ်။

ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်မှာတော့ မီးရှူး မီးပန်း ဖောက်ပြီး နှစ်သစ်ကူး ပွဲ ကျင်းပ မယ့် အစီအစဉ် ကို ဖျက်သိမ်း ခဲ့ပေမယ့် အထင်ကရ နေရာ တစ်ခု ဖြစ်တဲ့ ရှမ်ဇေ လီဇေ ကိုတော့ ဖွင့်လှစ် ထားမယ် လို့ မြို့တော် ဝန် က ပြောပါတယ်။

ရုရှ နိုင်ငံ မော်စကို မြို့က ရင်ပြင်နီကို အများပြည်သူ ဝင်ရောက်ခွင့်ကို ပိတ်ပင် ထားပြီး လုံခြုံရေးတွေ တိုးမြှင့် ချထား လိုက်ပါတယ်။

ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြသူတွေ လို့ သံသယ ရှိသူ လူ၁၀ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဥရောပ မြို့တော် တွေမှာ လုံခြုံရေး တင်းကျပ်   ဥရောပ မြို့တော် တွေမှာ လုံခြုံရေး တင်းကျပ် Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.