မြန်မာမှာဘယ်မောင်းကားများသာတင်သွင်းရမည်

burma road

၂၀၁၆ ​ခုနှစ်ကစပြီး ​မြန်မာနိုင်ငံထဲကို ​တင်သွင်းလာတဲ့ ​ကားတွေဟာ ​ဘယ်မောင်းတဲ့ ​ကားတွေပဲ ​ဖြစ်ရမယ်လို့ ​ကုန်းလမ်းပို့ဆောင်ရေး ​ညွန်ကြားမှု ​ဦးစီးဌာနက ​ပြောတယ်လို့ ​7 ​Day ​သတင်းမှာ ​ပါရှိပါတယ်။

ယာဉ်အို ​ယာဉ်ဟောင်းကို ​အစားထိုးမယ့် ​ယာဉ်တွေကိုတော့ ​ဘယ်မောင်း ​ဖြစ်ဖြစ် ​ညာမောင်း ​ဖြစ်ဖြစ် ​တင်သွင်းခွင့်ရမှာ ​ဖြစ်ပေမယ့် ​တခြား ​ကားတွေအားလုံးကတော့ ​ဘယ်မောင်း ​တစ်မျိုးတည်းပဲ ​ဖြစ်ရမယ်လို့ ​သတ်မှတ်လိုက်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ကားကို ​ညာဘက်ကနေ ​မောင်းချိန်မှာ ​ကားက ​ဘယ်မောင်း ​ဖြစ်ရပေမယ့် ​ကားအများစုက ​ညာမောင်း ​ဖြစ်နေပါတယ်။

အဲဒီအတွက် ​အရှေ့ကားကို ​ကျော်တက်ဖို့ ​မမြင်ရတာတွေ ​ဖြစ်လေ့ရှိပြီး ​အန္တာရာယ်များတဲ့အတွက် ​အခုလို ​ဘယ်မောင်းကားတွေကိုသာ ​တင်သွင်းဖို့ ​ညွှန်ကြားလိုက်တာ ​ဖြစ်ပါတယ်။

(Radio Australia)

#http://www.radioaustralia.net.au/
မြန်မာမှာဘယ်မောင်းကားများသာတင်သွင်းရမည် မြန်မာမှာဘယ်မောင်းကားများသာတင်သွင်းရမည် Reviewed by Staff Writer on 15:10 Rating: 5
Powered by Blogger.