လှည်းကူးမှာ ဈေးကား (YGN 7A / 3088 ) နောက်ဘီးပွင့်ထွက် တိမ်းမှောက်၊ တစ်ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ (၄ဦးမှာ စိုးရိမ်ရ)




ယနေ့ (၃-၁၁-၂၀၁၅) ရက်နေ့ နံက် ၅နာရီခန့်တွင် ရန်ကုန်မှ ပဲခူးဘက်သို့ ထွက်ခွာလာသော ဈေးကုန်နှင့် ခရီးသည်များ တင်ဆောင်လာသည့် ဟိုင်းလတ် တစ်စီး (YGN 7A / 3088 )သည် ဒရယ်ဘို ဆရာအတတ်သင်နှင့် ဆည်မြောင်းပြွန်ပေါက် ကြား ( ရန်ကုန် မန္တလေး လမ်းဟောင်းပေါ် ) တွင် နောက်ဘီးပွင့်ထွက် တိမ်းမှောက်မှု့ဖြစ်ပွား ခဲ့ပါသည်။

ဒဏ်ရာရ ခရီးသည် ၆ ဦးအား ကရုဏာရှင် အသင်း အရေးပေါ်လူနာတင်ယာဉ် နှင့် လိုက်ထရတ်ယာဉ်ငယ် တို့မှ လှည်းကူးဆေးရုံပို့ဆောင်ခဲ့ပါသည်။ ဒဏ်ရာပြင်းထန် လူနာ ၄ ဦးမှ ၂ဦးကို ကရုဏာရှင်လူနာတင်ယာဉ်ဖြင့် လည်းကောင်း ကျန် ၂ ဦးကို မြို့နယ်ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် လည်းကောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဋ္ဌာနသို့ ပို့ဆောင်ခဲ့ပါသည်။

အခင်းဖြစ်နေရာတွင် ကွယ်လွန်သူ အမျိုးသမီးတစ်ဦးအား မှု့ခင်းဆိုင်ရာဆေးစစ်မှု့များပြု့လုပ်နိုက်ရန် လှည်းကူးဆေးရုံ မော်ကျူရီသို့ ကရုဏာရှင် အသင်း နိဗ္ဗာန်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း လှည်းကူးငါးပိချက်မှ သတင်းရရှိပါသည်။

လှည်းကူး ငါးပိချက်
https://www.facebook.com/hlegunews
လှည်းကူးမှာ ဈေးကား (YGN 7A / 3088 ) နောက်ဘီးပွင့်ထွက် တိမ်းမှောက်၊ တစ်ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ (၄ဦးမှာ စိုးရိမ်ရ)   လှည်းကူးမှာ ဈေးကား (YGN 7A / 3088 ) နောက်ဘီးပွင့်ထွက် တိမ်းမှောက်၊ တစ်ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ (၄ဦးမှာ စိုးရိမ်ရ) Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.