UEC အမှတ်အသားပါ တီရှပ်များနှင့် တောင်ကုတ်တွင် သမ္မတကို ကြို




ရန်ကုန်၊ အောက်တိုဘာ ၎

ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ နိုင်ငံတော် သမ္မတ ရောက်ရှိလာရာ ကြံ့ခိုင်ရေး ထောက်ခံသူများက UEC အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသော တီရှပ်များကို ဆင်တူ ၀တ်ဆင်၍ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ဝတ်ဆင်ထားသော တီရှပ် ရှေ့မျက်နာတွင် ကြံ့ခိုင်ရေး အမှတ်တံဆိပ် ခြင်္သေ့ပုံကို ရိုက်နှိပ်ထားပြီး နောက်ကျောဘက်တွင် “ UEC တောင်ကုတ်မြို့” ဟု ရိုက်နှိပ်ထားသည်။

“ သူတို့က ထောက်ခံမယ့် ပါတီ တံဆိပ်ဘေးမှာ ရိုက်နှိပ်ရမယ့် UEC တံဆိပ်ကို အကျီင်္ရဲ့ နောက်ကျော့ဘက်မှာ ရိုက်ထားတော့ မြင်ရတဲ့ သူတွေအတွက် ဇဝေဇ၀ါ ဖြစ်စေတာပေါ့။ UEC နဲ့ ကြံ့ခိုင်ရေး ပါတီ အတူတူလို သဘောပေါက်ပြီး နားလည်မှု လွဲမှားတာတွေ ဖြစ်နိုင်တာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ နိုင်ငံရေး ပါတီ တစ်ခုမှ ရိုက်နှိပ်သော တီရှပ်တွင် ရွေးကောက်ပွဲ ကော်မရှင် အမှတ်တံဆိပ် UEC ကို ထည့်လို့ ရပါသလားဟု သံတွဲခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးခင်ရွှေက ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့ ဘာမှ မသိဘူး။ သူတို့ဟာသူတို့ လုပ်တာ ဖြစ်နိုင်ပါတယ်။ သူတို့ဖာသာ သူတို့ လုပ်တာ ဖြစ်နိုင်ပါတယ်။ ကော်မရှင်ကတော့ ဘာမှမသိပါဘူး။ ဘာမှလည်း လုပ်ခွင့်မပေးဘူး။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ မေးကြည့်လိုက်ပါမယ်။ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာကို ” ဟု ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၉ နာရီခန့်က ရဟတ် ယာဉ်များဖြင့် တောင်ကုတ်မြို့သို့ ရောက်ရှိလာပြီး တောင်ကုတ် ကောလိပ် ခန်းမတွင် မြို့မိမြို့ဖများ၊ လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/
UEC အမှတ်အသားပါ တီရှပ်များနှင့် တောင်ကုတ်တွင် သမ္မတကို ကြို UEC အမှတ်အသားပါ တီရှပ်များနှင့် တောင်ကုတ်တွင် သမ္မတကို ကြို Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.