အဲယားကွန်း safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ပြည်ကြီးတံခွန် နိုဝင်ဘာ ၆

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် ၆၄လမ်းနှင့် ၆၅ လမ်းကြား (က) ရပ်ကွက်တွင် နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်က အဲယားကွန်း SafeGuard အပူလွန်ကဲရာမှ နံကပ် နှစ်ထပ်နေအိမ်တစ်လုံး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်ကား(၁၀)စီးနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်နေပြည်သူ များ ၀ိုင်းဝန်း ငြိမ်းသတ်ရာ ၃ နာရီ ၃ မိနစ်တွင် မီးငြိမ်းသတ်ခဲ့သည်။

 အဆိုပါ မီးလောင်မှုဖြင့် နေအိမ်ပိုင်ရှင် မချိုမာဦး(ဘ) ဦးမောင်ဝင်း အား ပြည်ကြီးတံ ခွန်မြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အဲယားကွန်း safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား   အဲယားကွန်း safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.