NLD က ကိုယ်စားလှယ်ပေါင်း ၂၄၉ ဦးရရှိနေ


ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်ရာမှာ NLD က ၂၉ ဦး ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ယောက် ဦး ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၁ ဦး၊ တသီးပုဂ္ဂကိုယ်စားလှယ်လောင်း အဖြစ် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ( ၉ ) ကနေ ယှဉ်ပြိုင်တဲ့လက်ရှိပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းလည်း အနိုင်ရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၈ ဦး နဲ့ ဦးဆောင်နေပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ၁၄၂ ဦး ရရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားလှယ် ၅ ဦး ရရှိနေတာဖြစ်ပါတယ်။

တခြား အနိုင်ရပါတီတွေကတော့

- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နဲ့ ပြည်နယ်လွှတ်တော်မှာ ၄ ဦး

- ၀ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦး

- ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး

- မွန်အမျိုးသားပါတီက မွန်ပြည်နယ်ကိုယ်စားလှယ် ၁ ဦး ၊

- ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး နဲ့ ချင်းပြည်နယ် အတွက် ကိုယ်စားလှယ် ၁ ဦး တို့အသီးသီးအနိုင်ရနေတာဖြစ်ပါတယ်။

ဒီစာရင်းဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့စာရင်းဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

NLD က ကိုယ်စားလှယ်ပေါင်း ၂၄၉ ဦးရရှိနေ NLD က ကိုယ်စားလှယ်ပေါင်း ၂၄၉ ဦးရရှိနေ Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.