NLD မှ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း


 နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် NLD ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သူ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အသက်အငယ်ဆုံးဟုပြောဆိုနေကြသည့် လွှတ်တော်ကိုယ်စားလှယ်တဦး ပါဝင်သည်။

ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းမှာ မကွေးတိုင်း ပခုက္ကူမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ပါတီများကို ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းကျော်ဖြင့် ၇၃ ဒသမ ၄၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သူ ဒေါ်ဇင်နီနီဝင်းဖြစ်သည်။

 ဒေါ်ဇင်နီနီဝင်းသည် NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့၏ ဘဏ္ဍာရေးမှူးအဖြစ် လူငယ်တာဝန်များကို ထမ်းဆောင် ခဲ့သူဖြစ်သည်။ နိုင်ငံရေးတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စံပြပုဂ္ဂိုလ်အဖြစ် အလေးအမြတ်ထားပြီး လူမှုရေးနယ်ပယ်တွင် ရန်ကုန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူအား လေးစားအားကျသူတဦးဖြစ် ကြောင်း သိရသည်။

 ဒေါ်ဇင်နီနီဝင်းသည် NLD မှ ချမှတ်ထားသည့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး မူဝါဒနှင့် ကိုက်ညီသူလူငယ်တဦးဖြစ်ပြီး အသက်(၂၆)နှစ်သာရှိကြောင်း သိရသည်။

NLD လွှတ်တော်ကိုယ်စား လှယ်များတွင် အသက်အငယ်ဆုံးကိုယ်စားလှယ်တဦးဟု ပါတီနှင့်ဒေသခံများအကြားတွင် ပြောဆိုလျက်ရှိ သည်။

 ဒေါ်ဇင်နီနီဝင်းသည် မဲရလဒ် ၅၉၄၄၄ မဲဖြင့် ပြိုင်ဘက်ပါတီများအားအနိုင်ရရှိခဲ့သည်။

 ပခုက္ကူမြို့နယ် ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သော NLD ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း ဒေသကြီး(၁)နှင့် (၂)တို့တွင် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

NLD မှ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း  NLD မှ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်း Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.