ကြိုတင်မဲ ငါးထောင် ရောက်ရှိ ဆိုသည့် ကိစ္စ NLD မှ တစ်ထောင့်သုံးရာကျော်ဖြင့် စုံစမ်းဖော်ထုတ်ခဲ့


ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နယ် ကြိုတင်မဲ ငါးထောင်ကျော် ရောက်ရှိလာနိုင်မည်ဟု ပြောဆိုထားသည့် အချက်ကို အငြင်းပွားဖွယ် ဖြစ်စရာ ဖြစ်လာသည့် အတွက် ဒီနေ့မနက် ၄ နာရီအချိန်ထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒရှင်များ၏ စာရင်းအတိအကျကို စုံစမ်းဖော်ထုတ်ခဲ့ရာ ကြိုတင်မဲ ၁၃၀၈ ဦးဖြင့် အပြီးသတ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုသားလေးက ပြောပါသည်။

“တော်တော်များများပြောနိုင်ခဲ့တဲ့အတွက် အခြေခံမဲစာရင်းနဲ့ဘဲ၁၃၀၈ မဲနဲ့ဘဲပြီးသွားတဲ့သဘောပါဘဲ။ သူတို့ဆီကတော့ငါးထောင်ရောက်လာတယ်ပြောလာတဲ့အခါမှာ ကျနော်တို့က လိုက်ရတာပေါ့ ဘယ်ကလာတာလဲ ပြည်ပကလား။ ဘယ်လဲစတာတွေလိုက်ပါတယ်။ နောက်ရောက်လာနိုင်ခြေရှိတယ် ပြောဆိုတာနဲ့ဘဲပြီးသွားတဲ့သဘောဘဲ။” ဟု ကိုသားလေးက ပြောသည်။

ယမန်နေ့ည ၇ နာရီခန့်တွင် လွိုင်ကော်မြို့နယ်ကော်မရှင်ရုံးမှ ကြိုတင်မဲ ငါးထောင်ခံရောက်ရှိလာလိမ့်မည်ဟု ပြောဆိုထားခဲ့ခြင်းဖြစ်ရာ ပါတီကိုယ်စားလှယ်အားလုံးက သေချာစီစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် ယခုချိန်ထိမဲရုံစာရင်းအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိနေပြီး ကြိုတင်မဲမှာကတော့ပြည်ထောင်စု ကြံ့ခိုင်ရေးက ၁၁၉၀ မဲ ၊ NLDက ၁၁၈ မဲရှိဖြင့် မနက် ၆ နာရီတွင် အတည်ပြုခဲ့သည်။

၎င်းကြိုတင်မဲစာရင်းများသည် တပ်နှင့်ပြည်ပရောက်မဲဆန္ဒရှင်စာရင်းဖြစ်ကြောင်း ကော်မရှင်မှ ပြောဆိုထားချက်အရ သိရသည်။

လွိုင်ကော်မြို့နယ်ကြိုတင်မဲအရ အမျိုးသားလွှတ်တော် အမှတ် ၁ တွင် NLD က မဲ ၅၅ ၊ ကြံ့ခိုင်ရေးမှ ၅၆၄ ၊ အမျိုးသားလွှ်တော် အမှတ် ၂ တွင် LND က ၅၆ မဲ ၊ ကြံ့ခိုင်ရေးက ၆၀၃ ၊ တိုင်းရင်းသားလူမျိုးလွှတ်တော် တွင်NLD က ၂၄ ၊ ကြံ့ခိုင်ရေးက ၁၀၂၀ မဲ ၊ ပြည်သူ့လွှတ်တော်နေရာတွင် NLD က ၁၁၈ မဲ ၊ ကြံ့ခိုင်ရေးက ၁၁၇၃ မဲ ၊ ပြည်နယ်လွှတ်တော် ၁ တွင် NLD က ၅၅ မဲ ၊ ကြံ့ခိုင်ရေးက ၅၆၅ မဲ ၊ ပြည်နယ်လွှတ်တော် ၂ တွင် NLD က ၅၄ မဲ ၊ ကြံ့ခိုင်ရေးက ၆၀၉ မဲရှိနေသည်ဟု ကော်မရှင်ထံမှ သိရသည်။

လွိုင်ကော်မြို့တွင် မဲရုံ ၈၁ ရုံတွင် တပ်တွင်းမဲရုံ ၁၃ ရုံရှိသည်။ နောက်ဆုံးစာရင်းထုတ်ပြန်ရန် မဲရုံ တစ်ရုံသာ ကျန်ရှိနေသည်။

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
ကြိုတင်မဲ ငါးထောင် ရောက်ရှိ ဆိုသည့် ကိစ္စ NLD မှ တစ်ထောင့်သုံးရာကျော်ဖြင့် စုံစမ်းဖော်ထုတ်ခဲ့  ကြိုတင်မဲ ငါးထောင် ရောက်ရှိ ဆိုသည့် ကိစ္စ NLD မှ တစ်ထောင့်သုံးရာကျော်ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.