ကယားပြည်နယ်လုံးနီးပါး NLD ကိုယ်စားလှယ်အများမဲအများရရှိဟုဆို


 ကန္တာရဝတီတိုင်း(မ်)

 ကယားပြည်နယ် မြို့နယ်တိုင်းအမျိုးသားဒီမိုကရေစီကိုယ်စားလှယ်လောင်းများ မဲအရေအတွက် အများဆုံးရရှိနေသည်ဟု ၎င်းပါတီဗဟိုကော်မတီဝင်မှ ကိုသားလေးက ပြောပါသည်။

“ကိုယ်စားလှယ်တွေဆီကရရှိထားတဲ့အဖြေအရဆိုရင် တော်တော်များများက အားကောင်းနေပါတယ်။”ဟု ကိုသားလေးက ပြောသည်။

လွိုင်ကော်မြို့နယ် ၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ရှားတောမြို့နယ် ၊ မယ်စဲမြို့နယ်ဘက်တွင် ကိုယ်စားလှယ်များ၏ မဲအရေအတွက်ကို သိထားပြီးဖြစ်ရာ အများဆုံးရရှိသည်ဟု ဆိုပါသည်။

ဘော်လခဲမြို့နယ်မှာမူ အဝေးရောက်ကြိုတင်မဲများ များပြာနေသည့်အတွက် အတည်မပြုနိုင်သေးကြောင်း ၊ ဖားဆောင်းမြို့နယ်အတွင် လေးနေရာရှိသည့်အနက် တစ်နေရာထဲတွင်သာ အရေးနိုမ့်နေကြောင်း သိရပါသည်။

“ဘော်လခဲမှာကတော့ ကြိုတင်မဲလို့ယူဆရတဲ့အဝေးရောက်မဲတွေက များပြားတဲ့အတွက် အများတွေ့ရတယ်။ အမှန်ခြစ်တွေလဲ တစ်ထပ်တည်းတူနေကြပါတယ်။” ဟု ကိုသားလေးက ပြောပါသည်။

ကိုယ်စားလှယ်အသီးသီးများသည် ၎င်းတို့ရရှိထားသည့် မဲအရေအတွက်များကို အဝေးရောက်ကြိုတင်မဲများနှင့်ပေါင်းပြီးသွားပြီးဖြစ်သည့်ရလဒ်များဖြင့် သိရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် လက်ရှိ ကော်မရှင်ရုံးသို့ မဲရုံ ၈ စာရင်းအရ NLD အဖွဲ့မှ ကိုယ်စားလှယ်လောင်းများ အနိုင်ရနေသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီ (ကယားပြည်နယ်)ပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ ဝင်ပြိုင်သူ ဦးရှေးဖဲက ပြောပါသည်။

“အခုချိန်ထိ ကော်မရှင်ကိုတော့ စာရင်းတောင်းလို့မရသေးဘူ။ ၈ ရုံထဲမှာတော့ ဦးသိုးရယ် ၊ ဒေါ်ရှားမူ၊ ဦးပဲ့ဒူ တို့နိုင်နေပါတယ်။” ဟု ဦးရှေးဖဲက ပြောပါသည်။

ယခုအချိန်အထိ ဖရူဆိုမြို့နယ်ကော်မရှင်ရုံးတွင် မဲရုံစာရင်များ အပြည့်မရောက်လာနိုင်သေး သည့်အခြေအနေတွင် ရှိနေဆဲဟု ကော်မရှင်ထံမှ သိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ကယားပြည်နယ်လုံးနီးပါး NLD ကိုယ်စားလှယ်အများမဲအများရရှိဟုဆို  ကယားပြည်နယ်လုံးနီးပါး NLD ကိုယ်စားလှယ်အများမဲအများရရှိဟုဆို Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.