ဖရူဆိုမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ ၊ ဗမာတိုင်းရင်းသားရေးရာ မဲပိုနည်း


ဖရူဆိုမြို့နယ် ကော်မရှင်ရုံးတွင် မဲရလဒ် ထုတ်ပြန်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်အားလုံး အနိုင်ရရှိပြီး ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွင် မဲရလဒ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ထက်ပိုနည်းနေသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးပဲ့ဒူက ၆၃၆၃ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဦးရယ်(ခ)ဦးအူးရယ်က ၂၃၆၁ မဲရရှိသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးသိုးရယ်က ၂၉၈၉ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဆူရယ်က ၁၄၅၉ မဲဖြစ်သည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးခင်မောင်ထွန်း(ခ)နော်အီး ၂၇၈၀ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ဦးရီးချက်က ၁၁၂၇ မဲဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်ရှားမူ ၃၀၉၂ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဆန်းရယ် ၁၄၀၇ မဲ ဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၆ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်လွီးဇာက ၂၅၇၆ မဲ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဆားရယ်က ၁၁၉၁ မဲ ဖြစ်သည်။

ဖရူဆိုမြို့နယ်အတွင်း ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ရလဒ်မှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် NLD ဦးသောင်းဌေး က ၅၂ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဦးလှမျိုးဆွေး က ၆၁၀ မဲ ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes/
ဖရူဆိုမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ ၊ ဗမာတိုင်းရင်းသားရေးရာ မဲပိုနည်း   ဖရူဆိုမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ ၊ ဗမာတိုင်းရင်းသားရေးရာ မဲပိုနည်း Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.