ဒီးမော့ဆိုမြို့နယ် NLD လွှတ်တော်အားလုံးအနိုင်ရရှိ


ကန္တာရဝတီတိုင်း(မ်)

ယနေ့ည ၇ နာရီ ဒီးမော့ဆိုမြို့နယ် ကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီကိုယ်စား လှယ်များအားလုံးရှေ့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲရလဒ် ထုတ်ပြန်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်အားလုံး အနိုင်ရရှိခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးပေါလ်ဆန်းက ၁၉၆၃၁ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဘိုးရယ်က ၆၅၂၃ မဲရရှိသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးသိန်းအောင်စဲရယ် က ၈၄၆၁ မဲ ၊ ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးစိုးရယ်က ၃၉၉၆ မဲဖြစ်သည်။

ဦးသိန်းအောင်စဲရယ်က " ကျနော်တို့ဒေသဘက်က ရေရှားပါးတယ်။ အဲဒါတွေလုပ်ပေးရမယ်။ ကျန်းမာရေး ၊ ပညာရေး လုပ်ရမယ်။" ဟု ပြောသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဘောစကို က ၉၂၉၂ မဲ ၊ ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ဦးဝီလျှံဇော်ထိုက်က ၂၅၄၀ မဲဖြစ်သည်။ သည်။

" ပြည်သူက လုပ်စေချင်တဲ့အရာ ပြည်သူ့သဘောအတိုင်း ကိုယ်ဒေသအတွက် လုပ်ပေးပါမယ်။" ဟု ဦးဘောစကိုက ပြောသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၃ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဘော်ရယ်စိုးဝေ က ၈၁၆၂ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးကျော်ဆွေ ၃၉၁၇ မဲ ဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးစိန်ထွန်း က ၁၀၀၃၀မဲ နှင့် ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေါ်မေရီယန် က ၃၃၂၀ မဲ ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်မှ လွှတ်တော်အသီးသီးတွင် အနိုင်ရရှိသွားသည့် NLD ကိုယ်စားလှယ်များဖြစ်သည်။ ဓါတ်ပုံ - ဦးဘောစကို

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes
ဒီးမော့ဆိုမြို့နယ် NLD လွှတ်တော်အားလုံးအနိုင်ရရှိ   ဒီးမော့ဆိုမြို့နယ် NLD လွှတ်တော်အားလုံးအနိုင်ရရှိ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.