ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်စာရင်း နှင့် ရွေးကောက်ပွဲ အခြေအနေ သုံးသပ်အစီရင်ခံစာများ အမြန်ဆုံးပို့ရန် NLD (ဗဟို)က ညွှန်ကြား



အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ
အသုံးစရိတ်စာရင်း နှင့် ရွေးကောက်ပွဲ အခြေအနေ သုံးသပ်အစီရင်ခံစာများ
အမြန်ဆုံးပို့ရန် NLD (ဗဟို)က ညွန်ကြားထားကြောင်း ထုတ်ပြန်ကြေညာချက်အရ
သိရသည်။

ကြေညာထားရာတွင် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်(NLD) ပါတီမှ ကိုယ်စားလှယ်လောင်းများ အနေဖြင့် အနိုင်ရ
သည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသုံးစရိတ်စာရင်းများကို ကိုယ်စားလှယ်လောင်း
စာရင်း ကြေညာသည့်နေ့မှစ၍ ရက် ၃၀ အတွင်း တင်သွင်းကြရန် နိုဝင်ဘာ ၁၃ ရက်
ရက်စွဲ၊ စာအမှတ်-၁၅၄ (စည်း၊)/၁၁/၂၀၁၅ ဖြင့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များ
တင်သွင်းရန် NLD (ဗဟို)က ညွန်ကြားချက် ထုတ်ပြန်ထားသည်။

ထိုကြေညာချက်နှင့်အတူ နိုဝင်ဘာ ၁၃ ရက် ရက်စွဲ၊ စာအမှတ်-၁၅၅(စည်း)
/၁၁/၂၀၁၅ ဖြင့် ရွေးကောက်ပွဲ နှင့်စပ်လျဉ်းသည့် အစီရင်ခံစာပေးပို့ရန်
စာတစ်စောင်ကိုပါ ထုတ်ပြန်ထားပြီး အမြန်ဆုံး အစီရင်ခံရန် ညွန်ကြားထားကြောင်း
သိရသည်။

အဆိုပါ ညွန်ကြားချက်တွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အနိုင်/အရှုံးစာရင်း၊
ဘာကြောင့် ပြည်သူ ထောက်ခံမှု ရရှိသလဲ၊ ဘာကြောင့် ပြည်သူ ထောက်ခံမှု
မရရှိသလဲ၊ ထူးခြားဖြစ်စဉ်များ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏
ဆောင်ရွက်မှုများအပေါ် တိုင်းနှင့်ပြည်နယ် အလုပ် အမှုဆောင် အဖွဲ့များ၊
အောင်နိုင်ရေး အဖွဲ့များ၏ အစီအရင်ခံစာများကို ပါတီဌာနချုပ်သို့ တင်သွင်းကြရန်
ဖော်ပြထားသည်။

လက်ရှိတွင် နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ထုတ်ပြန်ထားသည့် ရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၄
နေရာ ရရှိထားသည့်အတွက် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် အခြေအနေတွင်
ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်စာရင်း နှင့် ရွေးကောက်ပွဲ အခြေအနေ သုံးသပ်အစီရင်ခံစာများ အမြန်ဆုံးပို့ရန် NLD (ဗဟို)က ညွှန်ကြား ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်စာရင်း နှင့် ရွေးကောက်ပွဲ အခြေအနေ သုံးသပ်အစီရင်ခံစာများ အမြန်ဆုံးပို့ရန် NLD (ဗဟို)က ညွှန်ကြား Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.