ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ အနိုင်ရ ကိုယ်စားလှယ် စာရင်း ၇ ကြိမ် ကြေညာ ပြီးနောက် NLD မှ အများစု အနိုင်ရရှိ


    ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (U.E.C) မှ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်နေရာများတွင် အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များ စာရင်းကို ၇ ကြိမ်မြောက် ကြေညာပြီးနောက် ကိုယ်စားလှယ်စာရင်း ၁၉၄ ဦးရှိပြီး ဖြစ်ပြီး နေရာ အများစုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ အနိုင် ရရှိခဲ့သည်။

ပြည်သူ့ လွှတ်တော်တွင် အနိုင်ရသည့် ကိုယ်စားလှယ် စာရင်း၌ စုစုပေါင်း ၈၈ ဦးတွင် NLD ပါတီမှ ၇၈ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၅ နေရာ၊ “ဝ” ဒီမိုကရက်တစ် ပါတီမှ ၁ နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီမှ ၁ နေရာ ၊ ဇိုမီး ဒီမိုကရေစီ  အဖွဲ့ချုပ် ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၂ နေရာ အနိုင်ရရှိခဲ့သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် အနိုင်ရသည့် ကိုယ်စားလှယ် လောင်းစာရင်းမှာ စုစုပေါင်း ၁၀၆ ဦး ဖြစ်ပြီး ၊ NLD မှ ၉၆ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ၅ နေရာ၊ “ဝ”  ဒီမိုကရက်တစ်ပါတီမှ ၂နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ မှ ၂ နေရာ၊ မွန်အမျိုးသား ပါတီမှ ၁ နေရာ အနိုင် ရရှိခဲ့ ကြသည်။

ယခု အချိန်အထိ အနိုင်ရသည့် ကိုယ်စားလှယ် စာရင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ မပါရှိသေးပေ။

 (Xinhua)
http://www.xinhuamyanmar.com
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ အနိုင်ရ ကိုယ်စားလှယ် စာရင်း ၇ ကြိမ် ကြေညာ ပြီးနောက် NLD မှ အများစု အနိုင်ရရှိ   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ အနိုင်ရ ကိုယ်စားလှယ် စာရင်း ၇ ကြိမ် ကြေညာ ပြီးနောက် NLD မှ အများစု အနိုင်ရရှိ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.