NLD နာယကဦးတင်ဦး နိုဝင်ဘာ ၂ ရက်နေ့ စစ်တွေတွင် အောင်နိုင်ရေး မဲဆွယ်ဟောပြောမည်


စစ်တွေ၊ အောက်တိုဘာ ၃၀

NLD ပါတီ၏ နာယက ဦးတင်ဦးနှင့် ဟာသ လူရွှင်တော် မောင်မေတ္တာ၊ ဗေလုဝတို့သည် အောင်နိုင်ရေးတရား ဟောပြောရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရောက်ရှိ လာမည်ဟု အဖွဲ့ချုပ် စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်ခါကျော် ပြောသည်။

“အဖွဲ့နာယက ဦးတင်ဦး နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ စစ်တွေမြို့သို့ ရောက်ရှိလာပြီးတော့၊ မွန်းလွဲ ၁ တစ်နာရီလောက်မှာ စစ်တွေမြို့ အာရီယာန် ခန်းမမှာ အောင်နိုင်ရေး အတွက် ဟောပြော မှာ ဖြစ်ပါတယ်”ဟု ဦးသင်ခါကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးတင်ဦးနှင့်အတူ ဟာသလူရွှင်တော် မောင်မေတ္တာနှင့် ဗေလုဝတို့လည်း လိုက်ပါလာမည်ဟု သိရသည်။

“ဦးတင်ဦး ဟောပြောပွဲ မလုပ်မီ ဟာသ လူချွန်တော် မောင်မေတ္တာ နဲ့ ဗေလုဝတို့က ပျော်ဖြေရေးအစီအစဉ် နာရီဝက်လောက် လုပ်ပြီးမှ ဦးတင်ဦးက ဟောပြောမှာဖြစ်ပါတယ်”ဟု ဦးသင်ခါကျော်က ပြောသည်။

ဦးတင်ဦးဟောပြောပွဲ အပြီးတွင် ဗေလုဝတို့ အဖွဲ့သည် စစ်တွေမြို့ကို ပတ်ပြီး ပျော်ဖြေရေး ဆက်လုပ်သွားမည်ဟု သိရသည်။

ဦးတင်ဦးသည် ယခင်က စစ်တွေခရီးစဉ်အပြီးတွင် ပုဏ္ဏား ကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးတို့သို့ ခရီးဆက်ရန် စီစဉ်ထားသော်လည်း အဆိုပါခရီးစဉ်အစား အမ်းနှင့် ကျောက်ဖြူသို့ သွားရောက်မည်ဟု သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် အောင်နိုင်ရေးဟောပြောပွဲ အတွက် တောင်ကုတ်၊ သံတွဲ၊ဂွမြို့များသို့ သွားရောက်ခဲ့သည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews/

NLD နာယကဦးတင်ဦး နိုဝင်ဘာ ၂ ရက်နေ့ စစ်တွေတွင် အောင်နိုင်ရေး မဲဆွယ်ဟောပြောမည်  NLD နာယကဦးတင်ဦး နိုဝင်ဘာ ၂ ရက်နေ့ စစ်တွေတွင် အောင်နိုင်ရေး မဲဆွယ်ဟောပြောမည် Reviewed by THITHTOOLWIN on 11:21 Rating: 5
Powered by Blogger.