NLD အနိုင်ရရှိမှု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကြိုဆို


နိုဝင်ဘာလ ၁၂ ရက် ၂၀၁၅

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ရွေးကောက်ပွဲအနိုင်ရသည့် NLD ပါတီအား ၀မ်းမြောက်စွာ ကြိုဆိုလိုက်ကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိမှုသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်သည့် ခြေလှမ်းအဖြစ် မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

အခုလို အစိုးရအဖွဲ့ဖွဲ့နိုင်လောက်တဲ့အထိ ပြတ်ပြတ်သားသား အနိုင်ရတာ ဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တာကြောင့် ပြည်သူတွေ ရဲ့ အောင်မြင်မှုလို့ မှတ်ယူတယ်။ ဒါ့အပြင် အစိုးရ ဖြစ်ရင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အကောင်ထည်ဖော်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့ အတွက် ခုလို ကြိုဆိုရတာပါ - TNLA အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က ပြောသည်။

NLD အမျိုးသား ဒီိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေငြာစာ တမ်း တွင် ဖော်ပြထားသည့် တိုင်းရင်းသားအရေး ပြည်တွင်း ငြိမ်းချမ်းရေး တိုင်း ရင်းသား ပြည်သူအားလုံး အေးချမ်းစွာ တူယှဉ်တွဲ နေထိုင်ရေးကို အာမခံ ချက်ပေးနိုင်မည့် ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်လာရေး၊ ပြည်သူလူထုအား တရား မျှတစွာ အုပ်ချုပ်မဲ့ အုပ်ချုပ်ရေး စနစ်တရပ်ပေါ်ပေါက်လာရေး ကဲ့သို့သော ကိစ္စရပ်များကို အောင်မြင်စွာအကောင်ထည်ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း TNLA ကြေငြာချက်တွင် ဖော်ပြထားသည်။

TNLA အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီး ကို ငြိမ်းသတ်ဖို့၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးေ ဆွးနွေးပွဲတွင် NLD က ဖွဲ့စည်းမည့် အစိုးရနှင့်အတူ ပူးပေါင်းဖြေရှင်းသွားဖို့ အသင့်ရှိနေသည်ဟုလည်း ပါရှိပါသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
NLD အနိုင်ရရှိမှု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကြိုဆို NLD အနိုင်ရရှိမှု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA/PSLF ကြိုဆို Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.