ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုများတွင် အကူအညီပေးနိုင်ရန် ပြင်သစ်က လေယာဉ်တင်သင်္ဘော တစ်စင်း စေလွှတ်သွားမည်


ပဲရစ် ၊ ၆-၁၁-၂၀-၁၅

ဆီးရီးယားနှင့် အီရတ်နိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရာတွင် အထောက်အကူ ပြုနိုင်ရေး အတွက် ပြင်သစ်က ၄င်းတို့၏ Charles de Gaulle လေယာဉ်တင် သင်္ဘောကို စေလွှတ်တပ်ဖြန့် သွားမည် ဖြစ်ကြောင်း ပြင်သစ် သမ္မတရုံးက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

ISIS စစ်သွေးကြွ အဖွဲ့နှင့် ၄င်းတို့ကို သစ္စာခံသော စစ်သွေးကြွ များကို တိုက်ခိုက်မည့် စစ်ဆင်ရေး တွင် ပါဝင်ရန် အတွက် အဆိုပါ လေယာဉ်တင် သင်္ဘောနှင့် တိုက်ပွဲဝင် တပ်ဖွဲ့များကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးအဖွဲ့ ဆွေးနွေးပွဲ ပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဖော်ပြထားသည်။

ထို့ပြင် ပြင်သစ်နိုင်ငံသည် ဆီးရီးယား နိုင်ငံအတွင်း နိုင်ငံရေး အလှည့်အပြောင်း တစ်ရပ်ကို ရရှိစေသည် အထိ ကူညီထောက်ပံ့ မှုများ ပေးအပ်သွားမည် ဖြစ်သော်လည်း ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် သည် နိုင်ငံ၏ အနာဂတ်အဖြစ် မည်သည့် နည်းနှင့်မျှ ဖြစ်နိုင်ဖွယ် မရှိကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဆက်လက် ဖော်ပြ ထားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောနှင့် အတူ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စင်း၊ ဖရီးဂိတ် စစ်သင်္ဘော များနှင့် ဆီဖြည့်ရေယာဉ် တစ်စင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုများတွင် အကူအညီပေးနိုင်ရန် ပြင်သစ်က လေယာဉ်တင်သင်္ဘော တစ်စင်း စေလွှတ်သွားမည်  ISIS အဖွဲ့အပေါ် တိုက်ခိုက်မှုများတွင် အကူအညီပေးနိုင်ရန် ပြင်သစ်က လေယာဉ်တင်သင်္ဘော တစ်စင်း စေလွှတ်သွားမည် Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.