ပဲရစ်တိုက်ခိုက်မှု သူတို့ လက်ချက်လို့  IS ဝန်ခံ


 လူရာနဲ့ ချီသေဆုံးခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်ခံရမှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့  IS အဖွဲ့ ကတရားဝင်ပြောကြားလိုက်ပါတယ်။ IS အဖွဲ့ က အွန်လိုင်းပေါ်မှာ ထုတ်ပြန်တဲ့ ကြောညာချက်ထဲမှာ ပဲရစ်မြို့ ကို သူတို့ ရဲ့ အဓိကပစ်မှတ်အဖြစ်သဘောထားပြီးတိုက်ခိုက်ခဲ့ တာလို့  ဖေါ်ပြခဲ့ပါတယ်။

သူတို့ တိုက်ခိုက်မယ့်ပစ်မှတ်တွေကို အချိန်ယူလေ့လာပြီးမှ တိုက်ခိုက်ခဲ့တယ်လို့  IS အဖွဲ့ ကပြောပါတယ်။
အာရပ်၊ ပြင်သစ် နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ က ကြေညာချက်မှာ သူတို့က ပြင်သစ်ကို စစ်ကြေညာတာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လူ ၈ ဦးက လုပ်ဆောင်ခဲ့တာလို့ ပြောပေးမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။

ဘီဘီစီက နောက်ဆုံးရရှိတဲ့သတင်းအရ သေဆုံးသွားတဲ့ အကြမ်းဖက်သမားတစ်ဦးဆီက ဆီးရီးယားနိုင်ငံသား နိုင်ငံကူးလက်မှတ်စာအုပ်ရှာတွေ့ ခဲ့တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ပဲရစ်တိုက်ခိုက်မှု သူတို့ လက်ချက်လို့  IS ဝန်ခံ  ပဲရစ်တိုက်ခိုက်မှု သူတို့ လက်ချက်လို့  IS ဝန်ခံ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.